♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ “Google မပါဘဲAndroid သုံးသည့်အခါ” ♫

Android သည်Google ကဖော်ထုတ်သည့်အရာ။ယင်းထဲတွင်အသင့်
ထည့်သွင်းပေးလိုက်သည့်Google ၀န်ဆောင်မှုများကြောင့်လည်းAndroid
ကိုသုံး၍စွဲ၍အဆင်ပြေခြင်းဟုဆိုလျှင်လည်းမှန်သည်။ထို့ပြင်application
ပေါင်းသန်းချီတင်ထားသည့်play store ကလည်းAndroid စနစ်အသုံးပြု သူတို့
အတွက်အားကိုးအားထားတစ်ခုဖြစ်သည်။သို့ဆိုလျှင်Google မပါဘဲ Android
ကိုသုံး၍ဖြစ်နိုင်။မဖြစ်နိုင်ကိုလေ့လာဆန်းစစ်ကြည့်ကြပါမည်။

Androidအတွက်မရှိမဖြစ်ဟုဆိုနိုင်သောplay store ကိုပင်ဦးစွာကြည့်ကြ
မည်။ကမ္ဘာပေါ်တွင်Apkရစရာဟူ၍play store တစ်ခုတည်းရှိသည်မဟုတ်။
Apkများအခမဲ့ရနိုင်သည်။Amazon App Store လည်းရှိသည်။ဈေးနှုန်း လျှော့လျှော့
ပေါ့ပေါ့ဖြင့်ရောင်းသည့်အကောင်းဆုံးApkများရှိသလိုနေ့စဉ်
အခမဲ့ပေးနေသည့်အခပေးအဆင့်Apkများလည်းရှိသည်။ယင်းApkတို့သည် Kindle fire
သုံးသူများအတွက်သီးသန့်ပေးနေသည်မဟုတ်ပါ။Android
စမတ်ဖုန်းနှင့်တက်ဘလက်အားလုံးကိုပေးပါသည်။ယူတတ်ဖို့သာလိုသည်။
ထို့အပြင်Amazon Underground app လည်းရှိသေးသည်။ယင်းမှတစ်ဆင့် amazon.com/underground
သို့သွားနိုင်သည်။မိမိ၏အီးမေးလ် လိပ်စာ ထည့်ပေးရန်လိုသည်။Amazon
underground တွင်တန်ဖိုးကြီးဂိမ်းများ၊ appများကိုသာမကin-app purchase
အချို့ကိုပါအခမဲ့ရနိုင်သည်။ အခြား စဉ်းစားနိုင်သောapp store
တစ်ခုမှာF-Droid ဖြစ်သည်။ယင်းstore ၏ အဓိကဦးတည်ချက်မှာFree app
များနှင့်open - source content များ ဖြစ်သည်။

Slidemeကလည်းApp
Store တစ်ခုဖြစ်ပြီးယင်းwebsite မှပေးသမျှအရာ အားလုံး
ကိုအသေအချာစစ်ဆေးပြီးမှထုတ်ပေးသည်ဖြစ်၍တန်ဖိုးမရှိသော
appများအဖျက်အမှောင့်appများinstall မလုပ်မိဖို့စိတ်ချရသည်။
Samsung
device ကလည်းကမ္ဘာပေါ်တွင်လူသုံးများသည်။သို့ဖြစ်၍သူ့မှာ app store
သီးခြားရှိသည်။Samsung device ၀ယ်မှသာသုံး၍အဆင်ပြေ မည်။app store
သီးခြားဖန်တီးပေးထားသောLGမှာလည်းထိုနည်းအတိုင်း။ ထို့ကြောင့်ယင်းdevice
များဝယ်ယူအသုံးပြုလျှင်သက်ဆိုင်ရာstore များမှ
အခမဲ့ရနိုင်သောappများရနိုင်မရနိုင်စစ်ဆေးသင့်သည်။Play store မှအပ ကျန်app
store တို့တွင်Play store လောက်appနှင့်content များမစုံလင်။
သို့သော်နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ရန်လိုသည်။Appများကိုရှာဖွေ
တွေ့ရှိသင့်သည်။အစုံအလင် မဟုတ်သည့်တိုင်များပြားလှစွာသောဂိမ်းများ နှင့်
ဖျော်ဖြေရေးဝန်ဆောင်မှုများကိုရသင့်ပါသည်။Android device အတော်
များများတွင်Google ၏၀န်ဆောင်မှုတို့ကိုတစ်ပါတည်းထည့်သွင်းပေးလေ့
ရှိသည်။သို့သော်ဝယ်သူသည်device ကိုလိုက်ပြီးGoogle နှင့်အလားတူ
သုံးနိုင်သောဝန်ဆောင်မှုများကိုအသင့်ထည့်သွင်းပေးလိုက်ခြင်းမျိုးလည်း
ရှိနိုင်သည်။ပမာအားဖြင့်ဆိုသော်Samsung၊HTC နှင့်LG တို့ဖြစ်သည်။
အဆိုပါတံဆိပ်စမတ်ဖုန်းများထဲတွင်ယင်းတို့၏ကိုယ်ပိုင်appများကိုထည့်သွင်းပေးထားသည်။Google
ဝန်ဆောင်မှုတစ်ခုတလေမှမရသည့်တိုင်နိစ္စဓူဝ
အလုပ်တို့ကိုအဆင်ပြေပြေပြုလုပ်နိုင်သည်။ဥပမာပြောရလျှင်ထိုစမတ်ဖုန်းတို့ထဲ၌Gmail
အပြင်အခြားသောe-mail clientထည့်ပေးလိုက်ခြင်းမျိုး ဖြစ်သည်။

ထိုclient တွင်Gmail သာမကအခြားအီးမေးစာပေါင်းစုံကိုအသုံးပြုနိုင်သည်။

မိမိသုံးစွဲသောdevice အတွင်းအသင့်ထည့်သွင်းပေးလိုက်သည့် appတို့ အားGoogle
မှပေးလိုက်သောappတို့ထက်ပိုကြိုက်သူများရှိကောင်းရှိနိုင်
သည်။သို့သော်လူအများစုကမူစမတ်ဖုန်းထဲတွင်အသင့်ထည့်သွင်းပေးလိုက် သောapp
များကိုသုံးလေ့သုံးထမရှိ။အပိုထည့်သွင်းပေးလိုက်သဖြင့် ဖောင်းပွ
သည်ဟုဆိုကာbloatwareဟုလည်းခေါ်ကြပါသေးသည်။မည်သို့ပင်ဆိုစေကာမူအသင့်ထည့်သွင်းပေး လိုက်သောGoogle
app များအစားပြောင်းလဲ
အသုံးပြုနိုင်သောအခြားappများရှိသည်။အွန်လိုင်းပေါ်တွင်လူသိမခံလိုဘဲ၊
အခြားသူများ၏နောက်ယောင်ခံလိုက်မှုကိုမခံလိုဘဲSurfing လုပ်လိုလျှင် Duck Duck
Go ကိုသုံးနိုင်သည်။မြေပုံကြည့်ရန်အတွက်အကောင်းစား
appကိုသုံးလိုလျှင်Maps-me ရှိသည်။နိုင်ငံတစ်ခုလုံး၏မြေပုံကိုoffline
ကြည့်ရန် download ချလိုလျှင်Here Maps ရှိသည်။Gmail ကိုလည်း
မသုံးလို၊မိမိထံပေးပို့လာမည့်အီးမေးများကိုစိစစ်လက်ခံလိုသည်ဟုဆိုလျှင် Blue
Mail သို့မဟုတ်Aquamailကိုသုံးနိုင်သည်။ယင်းတို့၏အားသာချက်မှာ
မိမိသုံးလိုသည့်မည်သည့်email account နှင့်မဆိုအသုံးပြုနိုင်ခြင်းဖြစ်သည်။
အသုံးပြုရပုံမှာရိုးရှင်းသည်။သို့သော်interface မှာGmail ထက်ပို၍ရှုပ်ထွေး
ပါသည်။Google Drive မသုံးလိုသူများအတွက်Microsoft မှထုတ်သော One Drive
ကိုသုံးနိုင်သည်။One Drive တွင်မိမိ၏Document များကိုသာမက
ဓာတ်ပုံများကိုပါပို့ပြီးသိမ်းဆည်းနိုင်သည်။Chrome browser ကိုသုံးသည့်
အတွက်Google ကမိမိထံမှသတင်းအချက်အလက်များစုဆောင်းမည်ကို စိတ်ပူလျှင်Firefox
for Android သို့မဟုတ်Dolphin Mobile browser များကို အသုံးပြုနိုင်ပါသည်။


Googleကိုမကြိုက်သည့်တိုင်Google ၏၀န်ဆောင်မှုအားလုံးကို အလွယ်တကူ
ဖယ်ထုတ်ပစ်နိုင်မည်မဟုတ်ပါ။ပမာအားဖြင့်ဆိုသော်YouTube ကဲ့သို့သော
ဝန်ဆောင်မှုမျိုးဖြစ်သည်။ယင်းနှင့်တူသောဝန်ဆောင်မှုမျိုးအစားထိုးစရာမရှိပါ။ထို့ပြင်သုံးစွဲသူများသုံးချင် လာအောင်ပုံစံပြောင်းလဲပေးလိုက်သော
google ၀န်ဆောင်မှုများလည်းရှိသည်။ယခုအခါအချို့ApkများကိုPlay Store
သို့တက်ကြည့်စရာမလိုဘဲGoogle Now တွင်Search လုပ်ကာရှာဖွေပြီးinstall
လုပ်နိုင်သည်။မိမိ၏browser ထဲမှနေ၍ရှာလိုသောappကိုရိုက်ထည့်ရှာပြီး result
ထဲမှနေ၍install button ကိုနှိပ်ပေးရန်သာလိုသည်။app တစ်ခုကို install
လုပ်ရာတွင်တောင်းခံမည့်permission အားလုံးကို ပြသပေးမည်
ဖြစ်သည်။ဤနည်းလမ်းကPlay Store ကိုရှောင်ရှားစေနိုင်သော်လည်း Google
ကိုလုံးလုံးလျားလျားရှောင်ရှားနိုင်ခြင်းကားမဟုတ်။သို့ဖြစ်၍Google Now
နှင့်Google search engine ကိုကားသုံးနေရပါဦးမည်။Apkအတော် များများကိုPlay
Store ပေါ်တွင်ရနိုင်သည်ဟုဆိုသော်လည်းApkအားလုံးကို Play Store
မှမရနိုင်။အဘယ်ကြောင့်ဆိုသော်Android ပေါ်တွင်အလုပ် မလုပ်စေလိုသောtool
များယင်းAppတွင်ပါဝင်နေသောကြောင့်ဖြစ်သည်။ ပမာအားဖြင့်ဆိုသော်Ad blocker
မျိုးဖြစ်သည်။အကယ်၍မိမိကယင်း app
မျိုးမဖြစ်မနေသုံးလိုသည်ဟုဆိုလျှင်ယင်းတို့ကိုApk (Android Application
Package) ဖြင့်ရှာဖွေရပါမည်။Developer ၏Website တွင်ရှာနိုင်သလိုApk Mirror
Website တွင်ရှာပြီးdownload ချနိုင်သည်။မိမိရှာဖွေပြီးသော Apk
တို့ကိုSideboard ပုံစံဖြင့်ထားရန်အတွက်Android စမတ်ဖုန်းပေါ်မှSetting
ကိုဖွင့်ပါ။Application သို့မဟုတ်Security ခေါင်းစဉ်အောက်တွင်unknown
source ကိုရှာပါ။များသောအားဖြင့်security ခေါင်းစဉ်အောက်တွင်ရှိပါ သည်။


ထို့နောက်unknown source ဘေးတွင်ရှိသောလေးထောင့်ကွက်တွင်
အမှန်ခြစ်ပေါ်အောက်တစ်ချက်ခေါက်ပါ။ထိုအခါapps များကိုတိုက်ရိုက် download
ပုံစံဖြင့်မဟုတ်ဘဲApkပုံစံဖြင့်download ချနိုင်မည်။ပြီးမှ မိမိ၏ device
တွင်တိုက်ရိုက်ပြန်လည်install လုပ်နိုင်ပါမည်။ထိုကဲ့သို့သော app
များကိုinstall လုပ်ခြင်းသည်လုံခြုံရေးဆိုင်ရာအန္တရာယ်များရှိသည်။
ထို့ကြောင့်မိမိရယူလိုသောappသည်အန္တရာယ်ကင်းကြောင်းသေချာအောင်
ပြုလုပ်ရပါမည်။ထို့ပြင်ယုံကြည် စိတ်ချရသောwebsite မှရယူဖို့လိုပါသည်။

No comments:

Post a Comment