♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ ပိုမိုရုပ်လုံးကြွတဲ့ဒီဇိုင်းအသစ်ပြင်ဆင်လာမယ့် Messenger Version အသစ် ♫

Facebook နဲ့ Messenger ဆိုတာ ညီအကိုတွေလိုပါပဲ။ တစ်ခုနဲ့ တစ်ခုခွဲထားလို့မရပါဘူး။ အခုတော့ Messenger ဟာ ပိုမိုရုပ်လုံးကြွ အသက်ဝင်လာတဲ့ ဒီဇိုင်းတွေနဲ့ ပြင်ဆင်ထားပြီး အသစ်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီထွက်ရှိလာမယ့် Version အသစ်နဲ့ ပတ်သက်ပြီး Messenger ရဲ့ခေါင်းဆောင် David Marcus က Twitter မှာ ပို့စ်တင်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Material Design ဟာ တနင်္လာနေ့ကစတင်ပြီးတော့ Android အသုံးပြုသူတွေထံ ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဒီဇိုင်းအသစ်နဲ့ ပတ်သက်ပြီး Marcus က “ဒီဒီဇိုင်းအသစ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သုံးစွဲသူသန်းရာပေါင်းများစွာ ဆီကိုရောက်ရှိလာစေမှာပါ။” လို့ပြောခဲ့ပါတယ်။ ဒီလိုပြောင်းလဲမယ့်ဒီဇိုင်းအထဲမှာ အိုင်ကွန်နဲ့ အန်နီမေးရှင်းအသစ်တွေပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ Update လုပ်ပြီးသွားရင် သုံးစွဲသူတွေဟာ ချက်စလုပ်တာနဲ့ Floating ဖြစ်နေတဲ့ Button တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။

Messenger ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက သူတို့ရဲ့App မှာ လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းမယ်လို့ ပြောကြားခဲ့ပြီး သုံးစွဲသူ သန်း၈၀၀ကို လှုပ်ခတ်စေခဲ့တာပါ။ လွန်ခဲ့တဲ့လက Facebook ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေက အသုံးပြုသူတွေကို လုပ်ဆောင်ချက်အသစ်အချို့ကို ချပြခဲ့ပါသေးတယ်။ Update တွေကို Android စနစ်သုံး ပစ္စည်းတွေမှာ စတင်ရရှိနိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က Messenger ဟာ Spotify နဲ့ ပူးပေါင်းပြီး သီချင်းတွေ မျှဝေနိုင်တဲ့ အစီအစဉ်တစ်ခုကို မိတ်ဆက်ခဲ့သေးတာလည်းဖြစ်ပါတယ်။

No comments:

Post a Comment