♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ ကျောင်းသားတွေ စာခိုးချနိုင်ဖို့ အထူးစီမံထားတဲ့ စမတ်နာရီကို စတင်ရောင်းချ ♫

ကျောင်းသားတွေအတွက် အကြိုက်တွေ့စေမယ့် စာခိုးချနိုင်တဲ့ စမတ်နာရီကို နာမည်ကျော် အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Amazon ဝက်ဘ်ဆိုက်မှာ တရားဝင်ရောင်းချနေပြီဖြစ်ပါတယ်။ သာမန်အချိန်မှာတော့ ရိုးရိုးနာရီတစ်လုံးလို လုပ်ဆောင်နေမှာဖြစ်ပေမယ့် စာမေးပွဲဖြေတဲ့အချိန်မှာ စာခိုးချနိုင်မယ့် နာရီတစ်လုံးအဖြစ် ကူးပြောင်းလို့ရအောင် ပြုလုပ်ထားတာပါ။

ဒီရဲ့ နာရီကတော့ သိုလှောင်နိုင်မှု ပမာဏ 4 GB အထိရှိတာကြောင့် စာတွေအတော်များများကို လက်ခံသိမ်းဆည်းထားပေးနိုင်မှာဖြစ်ပါတယ်။

“ဒီနာရီကတော့ စာမေးပွဲဖြေနေတဲ့အချိန်မှာ စာကို ပိပိရိရိ ခိုးချနိုင်ဖို့ အထူးပြုလုပ်ထားတဲ့ ပရိုဂရမ်တွေ ၊ ဆော့ဖ်ဝဲတွေကို အခြေခံပြီးပြုလုပ်ထားပါတယ်။ ဒီရဲ့ နာရီက စာမေးပွဲဖြေနေတဲ့အချိန် သင့်ရဲ့ လက်ကောက်ဝတ်ပေါ်မှာ စာတွေ ၊ ပုံတွေကို အစီအစဉ်ကျကျ ပြောင်းလဲ ဖော်ပြပေးသွားမှာပါ။ ”

“ဒီနာရီမှာ အရေးပေါ်ခလုတ်တစ်ခုလည်း ပါတယ်လေ။ ဆရာမလာနေတဲ့အချိန်တွေ ဘာတွေဆိုရင်တော့ ခလုတ်နှိပ်လိုက်တာနဲ့ ရိုးရိုးနာရီပုံစံကို ပြန်ပြောင်းသွားလိမ့်မယ်။ ကျန်နေတဲ့ ခလုတ်တွေကိုလည်း လုပ်လို့မရအောင် ပိတ်ပစ်ပေးလိုက်လိမ့်မယ်” လို့ ရောင်းချတဲ့ ကုမ္ပဏီက ရေးသားထားခဲ့ပါတယ်။

ဒီနာရီထုတ်လုပ်လိုက်မှုကိုတော့ မောင့်တန်ကုမ့်ဘ်ကျောင်းက ကြီးကြပ်သူတစ်ယောက်ဖြစ်တဲ့ ဂျိုးဆိုက်ဒါကတော့ “ဒါကတော့ ကျွန်တော်တို့လို ကြီးကြပ်သူတွေကို တိုင်ပတ်စေတာပဲ။ မှောင်ခိုမှာရောင်းနေတာက အကြောင်းမဟုတ်ပါဘူး။ အခုဟာက Amazon မှာတောင် တင်ပြီးရောင်းနေတာက ခေါင်းမီးတောက်စရာပါပဲဗျာ ” လို့ ပြောကြားခဲ့ပါတယ်။

ဒီလို နာရီတွေထွက်ရှိလာမှုကြောင့် ပညာရေးဋ္ဌာနကလည်း စာမေးပွဲမှာ မသမာမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ရတယ်လို့ သိရပါတယ်။ Amazon ဝက်ဘ်ဆိုက်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီကတော့ ဒီကိစ္စကို တစ်စုံတစ်ခုပြောကြားဖို့ အစီအစဉ်မရှိဘူးလို့ ဆိုတယ်လို့ ပြောပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၄၄.၉၅ ဒေါ်လာကျသင့်မှာဖြစ်လို့ သင့်တော်တဲ့ဈေးတစ်ရပ်လို့တောင် ဆိုရမလိုပါ။

No comments:

Post a Comment