♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

အင်တာနက်အသုံးပြုသူတိုင်း မလွဲ မသွေကြုံတွေ့ရမည့် Download ဆွဲခြင်း ၊ သိလိုသည့် အကြောင်းအရာများ ရှာဖွေခြင်း

အင်တာနက်အသုံးပြုသူတိုင်း မလွဲ မသွေကြုံတွေ့ရမည့် Download ဆွဲခြင်း ၊ သိလိုသည့် အကြောင်းအရာများ ရှာဖွေခြင်း
========================================================

မင်္ဂလာပါ....

အင်တာနက်အသုံးပြုတဲ့အခါ မလွဲ မသွေကြုံတွေ့ရတတ်တဲ့  Download ဆွဲခြင်း ၊ ကိုယ်သိလိုတဲ့ အကြောင်းအရာများကို ရှာဖွေခြင်း စ,တာတွေနဲ့ ပါတ်သက်ပြီး ပြောပြချင်ပါတယ်....

Mobile ဖုန်းမှ အသုံးပြုသူတွေအတွက် အဓိက ရည်ရွယ်ပါတယ်...

ဒီကနေ့ ...... ကျနော်တို့ မြန်မာနိုင်ငံမှာလည်း နေရာတိုင်း ၊ လူတိုင်းလိုလို အင်တာနက်ကို အလွယ်တကူ အသုံးပြုလို့ရနေပါပြီ.... 

အဲဒီလို အင်တာနက်နှင့် ပါတ်သက်ပြီး လေ့လာကြည့်တဲ့အခါ ကျနော်တို့  မြန်မာလူမျိုး  ၉၀% လောက်ဟာ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေ ၊ Download ဆွဲနေကြတယ်ဆိုတာကို သတိထားမိလို့
ဒီပို့စ်လေးကိုရေးဖြစ်တာပါ...။

ပထမဆုံးပြောပြချင်တာကတော့ မိမိသိလိုတဲ့  အကြောင်းအရာတစ်ခုကို အင်တာနက်ပေါ်မှာ ဘယ်လို ရှာဖွေရမလဲ ဆိုတာကိုပါ...

အချိန်တိုတိုနဲ့ ရှာဖွေတတ်ဖို့ပါ...

၁၀ တန်းအောင် ၊ ဘွဲ့ရစရာမလိုပါဘူး..... ရတဲ့အချိန်လေးမှာ စိတ်ဝင်စားစွာ လေ့လာတတ် ၊ မှတ်သားတတ်ဖို့ပဲ လိုပါတယ်..။

ဆရာတော် ဥူးသုမင်္ဂလ စကားနဲ့ပြောမယ်ဆိုရင် "ဒီခေတ်ဟာ အကောင်းဆုံးခေတ်" ပါ... တဲ့...

ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ တာဝတိံသာ ဒေါ့ ကောင်း (www.တာဝတိံသာ.com) ဆိုရင် တာဝတိံသာနတ်ပြည်အကြောင်း သိနိုင်သလို.....

ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အဝီစိ ဒေါ့ ကောင်း (www.အဝီစိ.com) ဆိုရင် အဝီစိအကြောင်းကိုပါ သိနိုင်ပါတယ်ဆိုပြီး.... လက်ရှိခေတ်အနေအထား ကောင်းကြောင်း ဥပမာပေးပြီး ဟောပြောဖူးတာ မှတ်သားဖူးပါတယ်.. :)

တကယ်လည်း ကောင်းတဲ့ ခေတ်ပါ..... အင်တာနက်ပေါ်မှာ လူတိုင်း လေ့လာ သင်ယူတတ်မြောက်နိုင်ကြပါတယ်..။ (ချက်ခ်တင်ချည်းပဲ ထိုင်ချက်ခ်နေလို့တော့ မတတ်ဘူးပေါ့နော်)  :D

အဲဒီလို လေ့လာသင်ယူတတ်ဖို့ အခြေခံကျတဲ့ အကြောင်းလေးကို ကျနော် ဒီနေ့ ပြောပြပေးသွားပါ့မယ်..။

အင်တာနက်အသုံးပြုလို့ရတဲ့ Mobile ဖုန်းတိုင်းမှာ "Internet" ဆိုတဲ့ Browser ဆိုတာ ပါရှိပါတယ်.... ထို Browser ကတဆင့် မိမိလိုချင် ၊ သိချင်တာတွေကို (တာဝတိံသာ ကနေ အဝီစိအထိ) အလွယ်တကူရှာဖွေနိုင်ပါတယ်.. :)


အဲဒီ Browser ကိုဖွင့်လိုက်ပါ.. (Google) www.google.com ကိုတော့ သိကြမှာပါ....
ရှာဖွေရေး အင်ဂျင်တွေထဲမှာတော့ တကယ့်အကောင်းဆုံးပါပဲ.... သိလိုတဲ့ အကြောင်းအရာကို ရိုက်ရှာလိုက်မယ်ဆိုရင် 80% လောက်အထိ မှန်ကန်စွာ ရှာဖွေပေးပါတယ်...။
ဥပမာ။ ။ Video တွေ ဒေါင်းလို့ရတဲ့ TubeMate ဆိုတဲ့ Software ကို လိုချင်လို့ ရှာတော့မယ်ဆိုပါစို့..
www.google.com မှ Search Box ထဲမှာ TubeMate.apk လို့ရေးထည့်ပြီး Search လုပ်လိုက်ပါ...(နောက်က ထည့်ပေးတဲ့ .apk ဆိုတာ Android ဖုန်းအတွက်ပါလို့ ရည်ညွှန်းတာပါ)

TubeMate နဲ့ ပါတ်သက်ပြီး နီးစပ်ရာတွေကို Google က ချပြပါလိမ့်မယ်.. (အတိအကျ ဘယ်နေရာမှာ ဒေါင်းယူနိုင်ပါတယ်လို့တော့ ပြမထားဘူးပေါ့နော်) ...  :)



မြန်မာ Website တွေမှာ ရှာချင်တယ်ဆိုရင် TubeMate နောက်မှာ "ကို" "က" ဆိုပြီး မြန်မာစာလုံး တစ်လုံးစ နှစ်လုံးစ ရေးပြီး ရှာလိုက်ပါ.... အဲ့ဒီ Software တင်ထားတဲ့ နီးစပ်ရာ မြန်မာ Website တွေချပြပါလိမ့်မယ်..

မိမိထင်တဲ့ Website တစ်ခုကို ဝင်ပြီးဒေါင်းယူနိုင်ပါတယ်... အဆင်မပြေရင် Back နဲ့ ပြန်ဆုတ်ပြီး
နောက်တနေရာမှာ ရှာကြည့်ပါ... ဒီလိုနဲ့ ရှာရင်း ရှာရင်း နောက်ပိုင်း အလိုလို ရှာဖွေတတ်သွားပါလိမ့်မယ်..။





အဲဒါကတော့ Google ပေါ်ကနေ ရှာဖွေနည်း အခြေခံပါ....


နောက်တစ်ခုကတော့ သက်ဆိုင်ရာ Website ၊ Forums ထဲမှာပဲ မိမိလိုချင် ၊ သိချင်တာကို ရှာဖွေတဲ့ နည်းပါ...

အင်တာနက်ပေါ်က Website တွေ Forums တွေတိုင်းမှာ သတိထားကြည့်ကြည့်ပါ.... Search Box  ဆိုတာ ရှိပါတယ်  အများအားဖြင့် ဆိုက်ဒ်တခုရဲ့ အပေါ် ထိပ်နားမှာ ရှိတတ်ပါတယ်...

 ဒီလို သင်္ကေတ လေးနဲပါ......

Website တစ်ခုမှာ နေ့စဉ်နှင့်အမျှ Posts တွေ တင်နေတာဖြစ်လို့   ကြာလာတာနဲ့အမျှ Posts တွေဟာလည်း  ထောင် ၊ သောင်း ချီပြီး များပြားနေမှာပါ...

အဲဒီ အများကြီးထဲမှ မိမိလိုချင် သိချင်တာမျိုးရှိလို့ Web Page တခုချင်း လှန်ရှာနေမယ်ဆိုရင်တော့ တော်တော်နဲ့ တွေ့နိုင်မယ် မဟုတ်ပါဘူး...

အဲ့ဒီအတွက် အချိန်ကုန်စေခြင်းမဖြစ်ရလေအောင် Search Box ဆိုတာကို Website တိုင်းမှာ ထည့်ပေးထားကြတာပါ...။

အဲ့ဒီ Search Box ကိုတွေ့အောင်ရှာပါ တွေ့ရင်.... စောစောက Google မှာ ရေးရှာသလို သိချင်တဲ့အကြောင်းအရာကို ရေးပြီး ရှာနိုင်ပါတယ်..

ဒီလိုနဲ့ ရှာဖွေရင်း ရှာဖွေရင်း မိမိကိုယ်တိုင် ရှာဖွေတတ်သွားမှာဖြစ်ပါတယ်..။


နောက်တစ်ခုကတော့.... Download ဆွဲတာနဲ့ ပါတ်သက်ပြီး အဓိကပြောချင်ပါတယ်....


(ဒီ Download ဆွဲမရတဲ့ ကိစ္စကို Website စ,ရေးတဲ့နေ့ကနေ ဒီကနေ့အထိ အများဆုံးဖြေရှင်းနေရတဲ့ ပြဿနာလည်းဖြစ်နေလို့ပါ)


တခုခုလိုအပ်လို့ Download ဆွဲတော့မယ်ဆိုရင် Download Link ကို နှိပ်လိုက်တဲ့အခါ ...  ဒေါင်းရမဲ့နေရာ ကို မရောက်ပဲ Adfly လို့ခေါ်တဲ့ ကြော်ငြာတဲ့ နေရာကိုရောက်သွားပြီး 5 စက္ကန်စောင့်ပေးရတာမျိုး Download ဆွဲဖူးသူတိုင်း သိကြမှာပါ..... (စိတ်ရှုပ်၊မျက်စိရှုပ်စေတဲ့အပြင် အချိန်လည်းကုန်ပါတယ်)

5 စက္ကန့်စောင့်ပြီး ....

Skip AD ကို နှိပ်လိုက်လို့...
ဒေါင်းရမဲ့ နေရာကိုရောက်ပြန်တော့လည်း.... ကြော်ငြာတွေနဲ့ ပြည့်နေလို့  ဘယ် Download Button ကို နှိပ်ပြီး ဒေါင်းယူရမှန်း မသိနိုင်ပါဘူး...



Software တစ်ခုကို Free (အလကား) ဒေါင်းယူမှာဖြစ်လို့ တန်အောင် အဲဒီ Download Page တစ်ခုလုံးမှာ ကြော်ငြာတွေ Download Button တွေနဲ့ ပြည့်နှက်နေအောင် တမင်ဖန်တီးထားကြတာပါ..။


သင့် ကွန်ပျူတာ/ဖုန်းမှာ Flash Player /Converter မရှိဘူး ဒီမှာ နှိပ်ပြီး Download လုပ်ယူပါ ဆိုတာမျိုး ... ဟိုဟာသွင်းပါ .. ဒီဟာယူပါ .. ဒီ Software မရှိရင် ရုပ်ရှင်ကြည့်လို့ မရနိုင်ဘူး...  iPhone 6 , Galaxy Note 5 လိုချင်လား ၊ သင့်စက်မှာ Virus ကဘယ်နှကောင်ရှိနေပါတယ် ဒါကိုနှိပ် Install လုပ်ပြီး သတ်လိုက်ပါ.... အစ ရှိသဖြင့်.....

နှိပ်ချင်အောင် ၊ နှိပ်မိအောင် လှုပ်လှုပ် ရွရွ နဲ့  ခုန်ပေါက်နေကြပါတယ်...။

 နှိပ်မိလိုက်ရင်လည်း Page တစ်ခု (New Window) အလိုလျှောက်ပွင့်သွားစေပါတယ်... အဲ့ဒီ Page မှာလည်း သင့်စက်ထဲက WeChat ၊ Whatapp Version က Old Version ဖြစ်နေပါပြီ Version အသစ်ကို ဒီမှာ နှိပ်ပြီးဒေါင်းယူပါ သွင်းယူပါဆိုပြီး  Vibration တုန်ခါမှုတွေနဲ့ တကယ် အဟုတ် အထင်ရောက်စေသွားအောင် လုပ်ထားကြပြန်ပါတယ်...

 Cancel သို့မဟုတ်  Back ကို ဘယ်လောက် နှိပ်နှိပ် တော်ရုံနဲ့ ပေးမထွက်ပြန်ပါဘူး... Cancel / Back  ကို နှိပ်လို့ရခဲ့ရင်လည်း ....

တကယ်ထွက်သွားတော့မလို့လား...  နေပါဦး နောင်ကြီးရာ... ရောက်တုန်း ရောက်ခိုက် ဘာညာ သာရကာဆိုပြီး  ဇွတ်အတင်းဆွဲခေါ်နေပါသေးတယ် ...  ဟိုဟာ နှိပ်ခိုင်း သည်ဟာနှိပ်ခိုင်းနဲ့  ၃/၄ ချက်နှိပ်ပေးပြီးမှ ပြန်ထွက်လို့ရတတ်ပါတယ်.. 

 တချို့ User တွေက Download Button ကို မှားနှိပ်ပြီး ဒေါင်းယူ Install လုပ်တတ်ကြပါတယ်....

အဲဒီလို မှားတဲ့အခါ ......  ဒီ Wesite က Virus တွေတင်ပေးနေပါတယ်တို့  ဒေါင်းမရဘူး အဆင်မပြေဘူးတို့ဆိုတာတွေ ဖြစ်ကုန်တော့တာပါပဲ...

ကျနော်သတိထားမိသလောက်ပြောရရင် အင်တာနက်ပေါ်က 90% သော Website တွေဟာ
ပိုက်ဆံရဖို့ကိုပဲ ရည်ရွယ်ပြီး..... အခုလိုကြော်ငြာ Page များ ကြားခံပြီး မျှဝေနေကြတာပါ...
တချို့တိုင်းပြည်က Website တွေဆိုရင် ၅/၆ ခုလောက် နှိပ်ပေးရတတ်ပါတယ် (မယုံမရှိပါနဲ့ လက်တွေ့ပါ)

ကွန်ပျူတာနဲ့ဒေါင်းယူတာဆိုရင်တော့ AD Blocker လေးကို သက်ဆိုင်ရာ Browser မှာထည့်ထားလိုက်ရင် တော်ရုံပြဿနာမရှိနိုင်ပါဘူး။

Download Button ကို တစ်ချက်နှိပ်လိုက်တိုင်းလည်း  မိမိဖုန်းကို သတိထားကြည့်ပါ... တခါတရံ မိမိလိုချင်တဲ့ Software မဟုတ်ပဲ Virus လိုမျိုး Launcher တစ်ခုခု သို့မဟုတ် APK တစ်ခုခုကို အော်တိုမက်တစ် ဒေါင်းယူနေတာ တွေ့ပါလိမ့်မယ်... (၁၀)ချက်နှိပ်ရင် (၁၀)ခု အော်မက်တစ် ဒေါင်းယူနေတတ်ပါတယ်..။

အဲ့ဒီ Apk ကို ကိုယ်လိုချင်တဲ့ Softwre ထင်ပြီး Install လုပ်လိုက်မိရင်တော့  ဖုန်းဟာ အရင်လိုမဟုတ်တော့ပဲ ပုံစံတွေ ပြောင်းသွားတာတို့  လေးလန်စေတာတို့  ဖြစ်လာစေမှာပါ..။

"ကျနော့ဖုန်းက လေးနေတယ် အရင်လို သုံးလို့မကောင်းတော့ဘူး ကူညီပါဦး" ဆိုတာ ဒီကနေ စ,တာပါပဲ .... :D

ဒီနေရာမှာ..............

အတွေ့အကြုံ မရှိသေးသူတစ်ယောက်က လက်ကိုင်ဖုန်းကနေတဆင့် ဒေါင်းယူခဲ့မယ်ဆိုရင်...  ကျနော်ထင်ပါတယ် ဒေါင်းမရဘူးကွာ ဆိုပြီး လှည့်ပြန်သွားပါလိမ့်မယ်... 

သက်ဆိုင်ရာ ဝက်ဘ်ဆိုက်ဒ်ကို ပြန်သွားပြီး  ဒေါင်းမရတဲ့အကြောင်း (သို့) Virus ဖြစ်နေပါတယ် ဆိုပြီး ပေါက်ကရ ရေးသွား / ဆဲသွားပါလိမ့်မယ်....။

ဘာ့ကြောင့် ဒီလိုတွေရှိနေရတာလဲဆိုရင် ......

Free (အလကားမတ်တင်း) ဒေါင်းယူတာဆိုတော့..... Free (အလကားမတ်တင်း) နှင့် တန်အောင် တမင်ဖန်တီးထားကြလို့ပါပဲ...။

အဲ့ဒီလိုတွေ မဖြစ်စေချင်ဘူးဗျာ... တခြားအလွယ်တကူဒေါင်းယူလို့ရမဲ့ နည်းလမ်းလေးများ မရှိဘူးလားလို့ မေးလာခဲ့ရင်.....

ဟုတ္ကဲ့ "ရွိပါတယ္ခင္မ်"

ဘယ်လိုလုပ်ရမလဲဆိုရင်တော့.....  မိမိဒေါင်းယူလေ့ရှိတဲ့ သက်ဆိုင်ရာ Website ဆိုက်ဒ်တခုခုမှာ Register လုပ်  $ ပေးပြီး Premium Account (VIP) နဲ့ ဒေါင်းယူနိုင်ပါတယ်... :) 
Full Version ရတဲ့အပြင် ဖန်ရှင်တွေကိုလည်း အပြည့်အဝ စိတ်ချမ်းသာစွာ အသုံးပြုနိုင်ပါတယ်..။

ကျနော်ထင်ပါတယ် စီးပွားရေးလုပ်နေသူလောက်ကလွဲပြီး Software လေးတစ်ခုအတွက် $ ပေးပြီး ဒေါင်းယူရမယ်ဆိုရင် ဘယ်သူမှ ဒေါင်းယူမှာ မဟုတ်ပါဘူး.... :D


Free ဆိုတာ တကယ်တော့မရှိပါဘူး... (100% Free) လို့ နာမည်တပ်ထားသည်ထိအောင် အဲ့ဒီ Free နောက်မှာ ကိုယ်မမြင်နိုင် မသိနိုင်တာတွေအများကြီး ကပ်ပါနေတတ်ပါတယ်..။

နံပါတ် (၁) ဖြစ်နိုင်တာကတော့ သူ့အကျိုးစီးပွားအတွက် သူတီထွင်ထားတာကို လူအများသိစေလို၍ ကြော်ငြာတဲ့သဘောနဲ့ ခဏမျှ ပေးသုံးလိုက်တာပါ...
လူသိများလာပြီဆိုရင် ဖန်ရှင်လေး ၂/၃ ခုလောက်ထပ်ဖြည့်ကာ Update Version ဆိုပြီး ပိုက်ဆံတောင်းပါလိမ့်မယ်... :)

ကျနော်တို့ မြန်မာလူမျိုးတွေ အရပ်ထဲမှာ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်.... အားလုံးလည်း ကြားဖူးကြမှာပါ....

အသက်ရှင်ဖို့အတွက် ရှူ/ထုတ် နေတဲ့ "လေ" ကို...
"လေ" များ ဝယ်ရတာမှတ်လို့ "အလကား" ရတယ် ဆိုတဲ့ စကားပါ...

အဲဒီ စကားနဲ့ ပါတ်သက်ပြီး အသေအချာ စဉ်စားကြည့်တော့.......... လောကကြီးထဲမှာ "အလကား" ရတယ်ဆိုတာ ဘာမှ မရှိပါဘူး...

စာဖတ်သူပဲ စဉ်းစားကြည့်လေ..... အဲ့ဒီ "လေ" ကိုရဖို့အတွက် ကျနော်တို့ ခန္တာကိုယ်ကြီးတစ်ခုလုံးနဲ့ ရင်းထားရတာမဟုတ်လား ....

ဒီ ခန္တာကိုယ်ကြီး မရှိပဲ   အဲဒီ "လေ" ဆိုတာကို "အလကား" မရနိုင်ပါ့မလားးးးးးးး :D :D
အားလုံး လေ့လာ သင်ယူတတ်မြောက်နိုင်ကြပါစေ......
အခုလို သည်းခံပြီး ဆုံးအောင်ဖတ်ပေးတဲ့အတွက်လည်း
 ကျေးဇူးအများကြီးတင်ပါတယ်ခင်မျာ.... :)

No comments:

Post a Comment