တရုတ်နိုင်ငံထုတ် ဟန်းဆက်အများစုကို ပြည်တွင်းရှိ ဖုန်းအရောင်းဆိုင်
များတွင် ခင်းကျင်းရောင်းချ ကြပါတယ်။ တံဆိပ် အမျိုးမျိုးရှိခြင်းကြောင့်
ဖုန်းများသည်လည်း အရည်အသွေးမျိုးစုံကွဲပြား ပြီး ဈေးနှုန်းလည်းကွာခြား
ပါတယ်။
ထိုအမှတ်တံဆိပ်များ သည် ရန်ကုန်၊မန္တလေးစသော မြို့ကြီးများ တွင်
အခြေတည်၍ နေရာဒေသ အနှံ့ကို ဖြန့်ချိရောင်းချကြပါတယ်။ DOOGEE
အမှတ်တံဆိပ်သည်လည်း အရည်အသွေးကောင်းမွန်သော ဟန်းဆက်များ ကို
ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ယခု F5 ကတော့ မျက်နှာပြင် ကြီးမားသောဖုန်းကို
အသုံးပြုချင်သူများအတွက် ရည်ရွယ်၍ ရောင်းချပေး ထားခြင်းဖြစ်ပါတယ်။
ကင်မရာအရည်အသွေးပိုင်း လည်း ကောင်းမွန်သော ကြောင့် ဓာတ်ပုံရိုက်ကူးခြင်းကို
ဝါသနာပါသော စမတ်ဖုန်းသုံးစွဲသူများ အကြိုက်တွေ့စေပါလိမ့်မယ်။
F5 ရဲ့
ကိုယ်ထည်အရွယ်အစားပမာဏသည် 152.3 × 76.9 × 7.8mm ရှိပြီး
ကိုင်ဆောင် အသုံးပြုတဲ့အခါတွင် အဆင်ပြေ စေပါလိမ့်မယ်။ Fashion ကျနသော F5 ရဲ့
မျက်နှာပြင်အကျယ်အ၀န်း ပမာဏကတော့ 5.5 inches ဖြစ်ပါတယ်။ IPS OGS
မျက်နှာပြင်တွင် 1920 × 1080 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားခြင်းကြောင့်
ကြည်လင် တောက်ပသော ပုံရိပ်များကို ခံစားရရှိနိုင်ပါလိမ့်မယ်။
2G,
3G, 4G Network အထောက်အပံ့ကိုပေးစွမ်းထားသော ဖုန်းဖြစ်ပါ တယ်။
ကင်မရာနှစ်မျိုးနှစ်စား ပါရှိပြီး အဓိကကင်မရာသည် 13MP စွမ်းရည်
ရှိတာကြောင့် အရည်အသွေးကောင်းမွန်သော ပုံများကို ပေးစွမ်းနိုင်ပါလိမ့် မယ်။
ရှေ့ကင်မရာငယ်မှာ 5MP စွမ်းရည်ရှိသောကြောင့် Selfie ပုံများ
ရိုက်ကူးတဲ့အခါတွင် အဆင်ပြေစေပါလိမ့်မယ်။
မှတ်ဥာဏ် ပမာဏအပိုင်း တွင် RAM
ကို 3GB ထည့်သွင်းပေးထားသောကြောင့် အရည်အသွေး ကောင်းမွန်သော
ဖုန်းလို့ဆိုနိုင်ပါတယ်။ ROM ပမာဏကိုတော့ 16GB ထည့်သွင်းပေးထားပါတယ်။
အချက်အလက်အများအပြား သိမ်းဆည်း နိုင်ဖို့လည်း SD Card စနစ်ပါရှိ ပါတယ်။
အားသွင်းအသုံးပြုရမယ့် Battery အမျိုးအစားကတော့ Li-Ion 2660mAh ဖြစ်ပါတယ်။
<Specification>
Network - 2G, 3G, 4G
Screen - 5.5 inches
Memory - up to 64GB
Bluetooth - Yes
OS - Android OS, v5.1
CPU - MT6753 64-Bit Octa Core
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫
ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...
-
ကျောင်းသားတွေအတွက် အကြိုက်တွေ့စေမယ့် စာခိုးချနိုင်တဲ့ စမတ်နာရီကို နာမည်ကျော် အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Amazon ဝက်ဘ်ဆု...
-
Facebook နဲ့ Messenger ဆိုတာ ညီအကိုတွေလိုပါပဲ။ တစ်ခုနဲ့ တစ်ခုခွဲထားလို့မရပါဘူး။ အခုတော့ Messenger ဟာ ပိုမိုရုပ်လုံးကြွ အသက်ဝင်လာတဲ့ ဒီ...
-
ဒီ IDM ကတော့ Update ထွက်တိုင်း တင်ပေးနေကျဖြစ်တဲ့ Double Click to Install Version ပါ... Patch Crack မသုံးတတ်သူတွေအတွက် အရမ်းကို အဆင်...
-
Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင် မိမိကွန်ပျူတာမှာ Windows နှစ်ခုပေါ်နေတာမျိုး ကြုံဖူးကြမှာပါ။ ကိုယ်ကတစ်ခုတည်းပဲအသုံးပြုချ...
-
Xiaomi (MI) ဖုန်းများအတွက် Mi Account Remove Tool. TPS Xiaomi Tool is very Usefull Tool Any Xiaomi Mobiles Use This Tool Remove A...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment