♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ “Apple, FBI နှင့်သင်၏Privacy” ♫

Appleကုမ္ပဏီနှင့်အမေရိကန်အစိုးရထောက်လှမ်းရေးအဖွဲ့(FBI) တို့အကြား
ပေါ်ပေါက်နေသောအငြင်းပွားမှုကဥပဒေပြဌာန်းစီရင်မှုများနှင့်နည်းပညာ
ကမ္ဘာတို့ကိုသပွတ်အူအရှုပ်အထွေးများကြားသို့တွန်းပို့လိုက်သကဲ့သို့ရှိလေ
သည်။တစ်နည်းအားဖြင့်တော့အမေရိကန်ပြည်ထောင်စုအတွင်းPrivacy၊ Safety
နှင့်Security ဆိုသောစကားလုံးအပေါ်လည်းအကျိုးသက်ရောက်မှု
များဖြစ်ပေါ်လာခဲ့ရသည်။ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီတစ်ခုနှင့်ကမ္ဘာ့
အရှိန်အ၀ါအကြီးမားဆုံးအစိုးရထောက်လှမ်းရေးအဖွဲ့တို့၏အငြင်းပွားမှုက
တော့ပြီးခဲ့သောဒီဇင်ဘာ လနှောင်း ပိုင်းကကယ်လီဖိုးနီးယားပြည်နယ်၊
ဆန်ဘာဒီနိုမြို့တွင် ဖြစ်ပွားခဲ့သောသေနတ်ပစ်လူဆိုးဖမ်းပွဲမှ အစပြုခဲ့ခြင်း
ပင်။Syed Farookနှင့်ဇနီးဖြစ်သူTashfeen Malik တို့သည်ထိုနေ့က လူ၁၄ဦး
သတ်ဖြတ်ထားခဲ့ပြီး၂၂ဦးအထိဒဏ်ရာရရှိစေခဲ့သောရာဇ၀တ်ကောင်များ
ဖြစ်ပြီးမကြာမီအချိန်အတွင်းရဲများ ၏၀ိုင်းဝန်းဖမ်းဆီးခြင်းခံခဲ့ရသည်။သို့သော်Farookတို့ဇနီးမောင်နှံကသေနတ်များဖြင့်
ပြန်လည်ခုခံသဖြင့် အသေသာ
ဖမ်းဆီးရမိခဲ့လေသည်။Farookနှင့်ဇနီးသည်၏အလောင်းများအပြင်Farookအသုံးပြုခဲ့သောiPhone
တစ်လုံးကိုလည်းရဲများကသိမ်းဆည်းရယူနိုင်ခဲ့ သည်။ ဤတွင်Apple
နှင့်FBIတို့၏အငြင်းပွားမှုဇာတ်လမ်းစတင် ပေါ်ပေါက်
လာခဲ့ခြင်းဖြစ်တော့သည်။သတင်းများ၏အဆိုအရအဆိုပါiPhone သည်
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဌာန
က၎င်းတို့ထံတွင်အလုပ်လုပ်ခဲ့ဖူးသောFarookထံသို့ပေးအပ်ခဲ့သောပစ္စည်း
ဖြစ်ကြောင်းသိရသည်။
ထိုiPhone အတွင်းရှိဒေတာအချက်အလက်များကိုFBI
နှင့်ရဲတပ်ဖွဲ့ဝင်များ ကရှာဖွေကြည့်ရှုလိုနေပြီးမူလဖုန်းပိုင်ရှင်ဖြစ်သည့်
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဌာနကလည်း ခွင့်ပြုပေးခဲ့သည်။သို့သော်
ပြဿနာက အားလုံးသိသည့်အတိုင်းဖုန်းကိုUnlock ပြုလုပ်နိုင်ရေးပင်ဖြစ်၏။iPhone
အတွင်းမှဒေတာများကိုFBI ကရရှိလိုနေသည်။သို့သော်Password ခံထား
သည်။ကိုင်ဆောင်သည့်ရာဇ၀တ်ကောင်၊လူသတ်သမားFarookကသေပြီ။
Password
ကိုပြောနိုင်သူဟူ၍မရှိတော့ပေ။ထို့ကြောင့်iPhone ကိုဖန်တီးသူ Apple
ကုမ္ပဏီဘက်သို့ မြားဦးလှည့်လာရခြင်းပင်ဖြစ်တော့သည်။Apple
၏တင်းကြပ်လွန်းသောSecurity Feature များကြောင့်FBI အနေဖြင့် Farook ၏iPhone
Password ကိုခန့်မှန်းပြီးUnlock ပြုလုပ်ရန်ဖြစ်နိုင်မည်မဟုတ် ပေ။iPhone
၏နာမည်ကျော်သောလုံခြုံရေးဆိုင်ရာအချက် တစ်ခုမှာ Password
ခန့်မှန်းဝင်ရောက်မှု၁၀ကြိမ်ကျရှုံးသည်နှင့်တစ်ပြိုင်နက်ဖုန်း
အတွင်းဒေတာအားလုံးကိုအလိုအလျောက်ဖျက်ဆီးပစ်လိုက်ပြီးသားဖြစ် စေခြင်းပင်။
(ယင်းလုံခြုံရေးစနစ်ကိုသင်၏iPhone တွင်ဖွင့်ထားလိုပါက Settings/Touch ID
& Passcode\Erase Data Onသို့ဝင်ရောက် ဖွင့်လှစ် လိုက်ရုံပင်။)
ထိုFeature ကြောင့်FBI ကApple ကိုဆက်သွယ်ကာထိုiPhone
၏လုံခြုံရေးစနစ်အားပို၍အားနည်းစေရေးကူညီပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့်တော့Farook၏iPhone ကိုApple ကုမ္ပဏီကပြန်၍Unlock
ပြုလုပ်ပေးရမည်ဖြစ်၏။သို့သော်Apple ကခေါင်းခါလိုက်လေသည်။နှစ်ဦး နှစ်ဖက်
အငြင်းပွားမှုများအရှိန်အဟုန်မြင့်တက်လာပြီးနောက် တရားရေး
ဌာနကကြားဝင်ရသည်အထိဖြစ်လာခဲ့တော့သည်။ပြီးခဲ့သောဖေဖော်ဝါရီလ၊
၁၆ရက်နေ့ကအမေရိကန်တရားရုံးတစ်ခုမှနေ၍Apple ကုမ္ပဏီထံသို့FBI နှင့်
ပူးပေါင်းဆောင်ရွက်ရန်အမိန့်ပေးညွှန်ကြားခဲ့တော့သည်။ထိုညွှန်ကြားချက်ကိုApple
စီအီးအိုဖြစ်သူTim Cook ကပယ်ချလိုက်သောအခါPrivacy နှင့် Security
တို့၏အားပြိုင်မှုသည်စိတ်ဝင်စားစရာအကောင်းဆုံးနှင့် ဇာတ်ရှိန်
အမြင့်ဆုံးအခြေအနေသို့ရောက်ရှိလာခဲ့ရတော့သည်။
<Apple ထံမှFBI ဘာအလိုရှိသလဲ>
FBI ၏ကြေညာချက်တွင်ရာဇ၀တ်မှုနှိမ်နင်းရေးနှင့်စုံစမ်းစစ်ဆေးရေး တို့ အတွက်အထောက်အကူရရှိလိုခြင်းသာဖြစ်သည်။ရှင်းရှင်းပြောရလျှင်

သေဆုံးသွားခဲ့ပြီ ဖြစ်သောရာဇ၀တ်သားFarook၏iPhone တွင်ထည့်သွင်း
ထားသောဒေတာများကိုရှာဖွေကြည့်ရှုခွင့်အပါအ၀င်Apple ၏Security
အတားအဆီးများကိုကျော်ဖြတ်ခွင့်ရရှိလိုခြင်းပင်ဖြစ်သည်။ယင်းကိစ္စနှင့်ပတ်သက်၍FBI
ဒါရိုက်တာဖြစ်သူJames Comeyက“ဒေတာတွေကို အလို
အလျောက်ဖျက်ပစ်မယ့်စနစ်ကိုမကြောက်ရဘဲPassword ကိုအလိုရှိ
သလောက်အကြိမ်အထိခန့်မှန်းရိုက်ထည့်နိုင်မယ့်အခွင့်အရေးကိုပဲလိုချင်တာပါ။ကျွန်တော်တို့ရဲ့ရှာဖွေဝရမ်း နဲ့အတူiPhone
ကိုဝင်ရောက်ရှာဖွေခွင့်ပြုဖို့
တောင်းဆိုနေတာပါ။ဒေတာတွေသာမပျက်စီးနိုင်ဘူးဆိုရင်ဆယ်နှစ်ကြာရင်
ကြာပါစေ။အချိန်ယူပြီးPassword ကိုဖွင့်ဖို့ကြိုးစားခန့်မှန်းသွားမှာပါ”ဟုဆို သွားခဲ့လေသည်။
<ဆန့်ကျင်ရသည့်Apple ၏အကြောင်းပြချက်>
စီအီးအိုTim Cook ကတော့Apple ၏ရပ်တည်မှုနှင့်ပတ်သက်ပြီး အိတ်ဖွင့်
ပေးစာတစ်စောင်ရေးသားခဲ့လေသည်။iPhone ၏လုံခြုံရေးကိုအားနည်းသွား စေမည့်
ဆော့ဝဲတစ်မျိုးမျိုးဖန်တီးပေးရန်FBI ၏ဖိအားပေးခံနေရခြင်းကို
အထူးစိုးရိမ်မိကြောင်းလည်းယင်းစာထဲတွင်ရေးသားထားခဲ့သည်။Tim Cook
၏အဆိုအရအကယ်၍ယင်းဆော့ဝဲမျိုးကိုဖန်တီးလိုက်ပြီဆိုလျှင်ဒုစရိုက်သမားများကလည်းယင်းဆော့ဝဲကို သုံး၍အခြားiPhone
များကိုUnlock လုပ်ကြလိမ့် မည်။ဒေတာများခိုးယူကြလိမ့်မည်ကိုTim Cook
ကစိုးရိမ်နေခြင်းဖြစ်သည်။ FBI ဘက်ကတော့၎င်းတို့အနေဖြင့်iPhone
တစ်လုံးတည်းအတွက်သာ ဆော့ဝဲဖန်တီးပေးရန်လိုအပ်ကြောင်း
ပြန်လည်တုံ့ပြန်ခဲ့သည်။သို့တိုင် အောင် Apple
ကတော့ခေါင်းမာနေဆဲသာဖြစ်၏။ထိုကဲ့သို့iPhone လုံခြုံရေး
စနစ်ကိုချိုးဖျက်ပေးနိုင်သည့်ဆော့ဝဲမျိုးတစ်ကြိမ်ဖန်တီးလိုက်သည်နှင့်အခြားသောဥပဒေအေဂျင်စီများ၊အစိုးရ အဖွဲ့အစည်းများကလည်းအလားတူဖန်တီးပေးရန်ကျိန်းသေပေါက်တောင်းဆိုကြလိမ့်မည်ဟုApple
က ပြန်လည်ချေပ သွားခဲ့သည်။
အင်တာဗျူးတစ်ခုတွင်Tim Cook
က“ခင်ဗျားအိမ်ထဲမှာရှိတဲ့ဒေတာတွေ
ထက်ဖုန်းထဲကဒေတာတွေကပိုများချင်များနေနိုင်တယ်လေ။ကျွန်တော်တို့
ထုတ်လုပ်လိုက်တဲ့စမတ်ဖုန်းတွေမှာအတွင်းရေးဖြစ်တဲ့စကားပြောမှတ်တမ်း
တွေ၊ငွေကြေးဆိုင်ရာအချက် အလက်တွေ၊ကျန်းမာရေးမှတ်တမ်းတွေကိုသိမ်းဆည်းထားကြပါတယ်။ဒါ့အပြင်ကလေးငယ်ရင်သွေးတွေရှိ တဲ့နေရာမျိုးကို
လည်းမှတ်တမ်းတင်ထားနိုင်ပါသေးတယ်။ဒါ့ကြောင့်iPhone ဟာပုဂ္ဂိုလ်ရေး
သီးသန့်ဆန်မှု (Privacy) အဖြစ်သာမဟုတ်ပါဘူး။ ပြည်သူလူထုအားလုံးရဲ့
ဘေးကင်းလုံခြုံမှု (Public Safety) နဲ့လည်းသက်ဆိုင်သွားပါပြီ”ဟုပြောကြား
ခဲ့သည်။
<ကွယ်လွန်သူ၌Privacy ရှိ၊မရှိ>

မည်သို့ပင်ဖြစ်စေ၊Privacy ကိုချိုးဖောက်ရာရောက်သည်ဆိုသောApple
၏အကြောင်းပြချက်ကိုတော့FBI ကယခုအချိန်အထိလက်ခံနိုင်ခြင်း မရှိ
သေးပါ။အဘယ့်ကြောင့်ဆိုသော်iPhone ပိုင်ရှင်ဖြစ်သည့်Farookမှာသေဆုံး
သွားခဲ့ပြီးဖြစ်သောကြောင့်ပင်။ထို့ကြောင့်ကွယ်လွန်သွားခဲ့ပြီဖြစ်သော
ရာဇ၀တ်သား၏Privacy ကိုစောင့်ထိန်းရန်မလိုအပ်ဟုFBIကယူဆထား
ခဲ့သည်။ထို့အပြင်ယင်းiPhone ကိုမူလပိုင်ဆိုင်သောကျန်းမာရေး ဌာန ကလည်း
ဒေတာများကိုဝင်ရောက်ရှာဖွေရန်ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ရာApple
အနေဖြင့်အကြောင်းပြချက်တစ်ခုခုဖြင့် ငြင်းဆန်မည်လားသို့မဟုတ်FBI
၏ဆန္ဒအတိုင်းiPhone လုံခြုံရေးစနစ်ကိုချိုးဖောက်ဝင်ရောက်ပေးသွားမည်
လားဆိုသည်မှာစိတ်ဝင်စားစရာဖြစ်လာခဲ့သည်။Apple အနေဖြင့် လက်ရှိ
FBI၏တောင်းဆိုချက်ကို ငြင်းဆန်မည်ဆိုပါကကွယ်လွန်သူတွင်Privacy
ရှိ၊မရှိဆိုသည့်အချက်ကိုဦးစွာစဉ်းစားရပေလိမ့်မည်။ပြီးခဲ့သောအပတ်က
နယူးယော့မြို့တရားရုံးတွင်ကြားနာခဲ့သောအငြင်းပွားမှုတွင်တော့Apple နှင့်FBI
တို့အတွက်တိကျရေရာသောအဖြေတစ်ရပ်ထွက်ပေါ်ခဲ့ခြင်း မရှိ သေးပါ။

အင်္ဂါနေ့အရောက်တွင်တရားစီရင်ရေးကော်မတီကApple နှင့်iPhone တာဝန်
ရှိသူများထံမှကြားနာမှုသာရှိစေခဲ့ပြီးယခုလ၂၂ရက်နေ့သို့ ပြန်လည် ရုံးချိန်း
ခေါ်ယူထားခဲ့သည်။သို့သော်ယခုကိစ္စမှာApple နှင့်FBI တို့၏အရှိန်အ၀ါ
ပြိုင်ခြင်း မဟုတ်၊စကားရည်လုပွဲမဟုတ်။တိုင်းပြည်လုံခြုံရေး၊ဘေးကင်းရေး
နှင့် ပြည်သူတစ်ဦးချင်းစီ၏ပုဂ္ဂိုလ်ရေး သီးသန့်ဆန်ခွင့် (Privacy) တို့
အားပြိုင်ခြင်းဖြစ်နေရာအားလုံးကလက်ခံနိုင်လောက်သောအပြီးသတ်
ဆုံးဖြတ်ချက်ရဖို့ကတော့လပေါင်း၊နှစ်ပေါင်းများစွာအထိအချိန်ယူရနိုင် လေသည်။

No comments:

Post a Comment