♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

Apple iDevice ပေါ်ကနေ Youtube Video တွေဘယ်လိုဒေါင်းယူရမလဲ [Unjailbroken / Jailbroken]



 2009/2010 ခုနှစ်လောက်က Apple ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ iPhone 3Gs  ဖုန်းလေးကို  ကျစ်လျစ်ခိုင်မာ သေသပ်လှပတဲ့ အသွင်အပြင် ဒီဇိုင်းလေးကို သဘောကျပြီး ရူးသွတ်စွာကိုင်ခဲ့ဖူးတယ်...
သိပ်မကြာခင်မှာပဲ Samsung က မျက်နှာပြင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖုန်းတွေကို ထုတ်လုပ်ပြီး ဖြန့်ချီပါတယ်...
Galaxy S , Galaxy S2 , Note , Note 2 စတဲ့ဖုန်းတွေကို တဆက်ထဲဆိုသလို ဆက်တိုက် ဖြန့်ချီလိုက်ရာမှာ.... တော်တော်လေး ဂယက်ထသွားစေခဲ့ပါတယ်..။
 
ဘယ်လောက်ထိ ဂယက်ရိုက်သွားသလဲဆိုရင်....  ကိုယ်ပါ Screen အရွယ်စားကြီးမားတဲ့ Android ဖက်ကို ချက်ချင်းရောက်သွားစေတဲ့အထိပါပဲ ... :D
ပေးထားတဲ့ ခေါင်းစဉ် နဲ့ လွဲနေပြီထင်တယ် :D :D :D
သည်းခံပါခင်မျာ.... :D

iPhone တွေက နတ်ကြီးတယ် (အဲလေ) နာမည်ကြီးတယ်... :D
 နာမည်ကြီးသလို...   ကျနော်တို့လို သာမန်အခြေခံလက်လုပ်လက်စားတွေ မမျှော်လင့်ရဲလောက်အောင်လည်း ဈေးကကြီးပါတယ်...

ကျနော် 3Gs လေးဝယ်တုန်းက (၃) လ ကျော်လောက် ထမင်းနပ်မှန်အောင် မစားခဲ့ရဘူးလေ... :D

ဘယ်လောက်ထိ နာမည်ကြီးသလဲဆိုရင်.... Online ပေါ်မှာ Group ဖွဲ့ပြီး  သူက iPhone  ငါက Android ဆိုပြီး ငြင်းကြ ခုန်ကြ  x#@=?ကြတဲ့အထိပါပဲ.... :D

ဟိုအရင်က iOS 4.2.1 , 5 , 6 တွေအအထိ Apple က ကန့်သတ်ချက်တွေ သိပ်မများသေးဘူးလို့ ပြောနိုင်ပါတယ်.... ဒါပေမဲ့ Jailbreak ဖေါက်မယ်ဆိုရင်တော့ အဆင့်တွေအများကြီးကျော်ဖြတ်ရတယ်... အခု Jailbreak Tool တွေလို 1 Click နဲ့ အဆင်မပြေဘူး ...


 Apple ID ဆိုရင် ဘယ်နှခုလိုချင်သလဲ အရမ်းလွယ်တယ်...
  မြန်မာပြည်ကနေ လှမ်းကူညီတောင်းကြလို့ ဖွင့်ပေးလိုက်တဲ့ Apple ID တွေဆိုရင် ရေမတွက်နိုင်လောက်အောင်ပါပဲ...: D

 အဲဒီအချိန်က စ ပြီး Apple နဲ့ ကင်းကွာခဲ့တာ ခုထိပါပဲ..

အခုဆိုရင် အသွင်အပြင် ဒီဇိုင်းတွေကအစ ပြောင်းလဲတိုးတတ်လာလိုက်တာ iOS 9.2.1 ထိတောင် ရောက်လာခဲ့ပါပြီ... 
ဒီလိုနဲ့........
ကျနော်နဲ့ ရင်းနှီးနေတဲ့  ညီလေး လင်မယားနှစ်ယောက်က ကောက်ခါ ငင်ခါဆိုသလို iPhone 6s တစ်လုံးဝယ်လာတော့မှပဲ သူတို့ လိုချင်တာ  ဖြစ်ချင်တာလေးတွေ လုပ်ပေးရင်း Apple ကို ပြန်သတိထားမိတော့တယ် ...:)


သေချာသတိထားကြည့်မိတော့.....  iPhone က နတ်ကြီးမယ်ဆိုရင်လည်း (အဲလေ) နာမည်ကြီးမယ်ဆိုလည်း ကြီးစရာပါပဲ...  သေသပ် ၊ သပ်ရပ်ပြီး ကျစ်ကျစ်လျစ်လျစ်နဲ့  နည်းပညာတွေကလည်း အံ့မခမ်းပါပဲ (ဂလု) တံတွေးကို ပြန်မျိုချလိုက်တဲ့ အသံပါ... :D :P


ဘာရယ်မဟုတ်ပါဘူး ကျနော်လည်း iPhone ကိုင်ခဲ့ဖူးတဲ့ အကြောင်းကို အခွင့်အရေးလေးရတုန်း ကြွားလိုက်တာပါ ..... :D :D :D :D
Apple နဲ့ ကင်းကွာခဲ့တာလည်းကြာ ကိုင်နေကျလည်းမရှိပြန်ဆိုတော့ ... အချိန်တော်တော်ပေးလိုက်ရတယ်..... :)

နောက်ဆုံး သူတို့ လိုချင်တာ ဖြစ်ချင်တာလေးတွေကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြစ်အောင် လုပ်ပေးပြီး
ပိုင်ရှင်ကို ပြန်အပ်လိုက်တယ်...

စိတ်ထဲမှာတော့ အလုပ်တစ်ခု   ပြီးသွားပြီပေါ့ဗျာ .....
ဒါပေမဲ့ ..........

ခဏကြာတော့ ဖုန်းဝင်လာတယ်... "ဟုတ်ကဲ့ အမိန့်ရှိပါခင်မျာ" လို့ ပြောလိုက်တော့...


  "အကိုကြီး... သမီး Video တွေ ဒေါင်းလော့ခ်ဆွဲချင်တာ အဆင်မပြေဘူးဖြစ်နေလို့ပါ"  ဆိုရာကနေ စ တော့တာပဲ ... :D
ကွန်ပျူတာ ရှိနေတော့ ဒေါင်းစရာရှိဆိုရင် ဖုန်းနဲ့ ဒေါင်းတဲ့အကျင့်ကမရှိဖြစ်နေတော့  ချက်ချင်း လုပ်မပေးနိုင်ဘူးဖြစ်သွားတယ်...
အရင် ကိုယ်သုံးခဲ့ဖူးတဲ့ App တွေ မှတ်မိသလောက် လှဲ့ပတ်ရှာကာ တစ်ခုပြီး တစ်ခု Install လုပ် စမ်းကြည့်ပေါ့ ... iOS Version တွေကမတူ  တစ်ခုမှ အဆင်မပြေဘူး... (စိတ်က လောနေတယ်... ဘာဖြစ်လို့ လော နေရလဲဆိုတော့ ဖုန်းလေးက အခုပဲဝယ်လာခဲ့တာ အသစ်ချပ်ချွတ်ကလေး အော်.... သူတို့လည်း ကလိချင်နေရှာရော့မယ် ကိုင်ချင်နေရှာရော့မယ်လို့ တွေးမိလို့ပါ)


ဒါနဲ့ အချိန်ကုန်ပါတယ်လေလို့တွေးပြီး  Online ပေါ်က Apple အသုံးပြုနေကြတဲ့ မိတ်ဆွေ သူငယ်ချင်းတချို့ကို လှမ်းမေးပြီး အကူညီတောင်းလိုက်တယ်...  အားရစရာပါပဲ ...... :D   အလုပ်မအားလို့ ထင်တယ် ဘယ်သူမှ ပြန်မဖြေကြဘူး.... :D


 ဒီလိုနဲ့ပဲ ညနေစောင်းသွားခဲ့တယ်....
ညနေကျတော့ သူတို့အိမ်မှာသွားပြီး စားသောက် ပြန်မယ်လုပ်ခါမှ ....

သူတို့လိုချင်တဲ့ Video Downloader လေးတစ်ခုက အဆင်မပြေသေးဘူးဆိုတာကို သတိရပြီး ..... ဖုန်းပိုင်ရှင်ဖြစ်တဲ့ ညီမကို ....


 "ညီမလေး နင် iPhone နဲ့ တစ်ညလောက်ခွဲနေနိုင်သလား"

လို့မေးတော့ ချက်ချင်းပြန်ပြောပါတယ်... "ခွဲနိုင်ပါတယ်" တဲ့  :D

အဲ့ဒါနဲ့ အခန်းပြန်ရောက်တော့...  ရှာရင်း ဖွေရင်း ......

 "Apple iDevice ပေါ်ကနေ Youtube Video တွေဘယ်လိုဒေါင်းယူမလဲ"

ဆိုတဲ့ ဒီ Post လေးကို ရေးဖြစ်သွားစေခဲ့တာပါ.....။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Post က အခုမွ စ မွာပါခမ်..... :D

Apple iDevices တွေပေါ်ကနေ Video တင်မဟုတ်ပဲ အခြားလိုအပ်တဲ့ App , Game စတာတွေကို အလွယ်တကူ ဒေါင်းယူချင်တယ်ဆိုရင်......
အောက်ဖေါ်ပြပါနည်းလမ်းအတိုင်း ကြိုက်တာကို ဒေါင်းယူနိုင်ကြပါတယ်... Jailbreak လုပ်ထားတဲ့ ဖုန်းရော Jailbreak လုပ်မထားတဲ့ ဖုန်းမှာရော အသုံးပြုနိုင်ပါတယ်...

နမူနာအနေနဲ့ သုံးထားတဲ့  iDevices က iPhone 6s [Unjailbroken] ပါ.. iOS Version ကတော့ 9.2.1  ပါ...
Safari Browser ကို ဖွင့်ပြီး ....

Google Search မှာ Vshare လို့ ရိုက်ထည့်လိုက်ပါ...


www.vshare.com ကို နှိပ်ပါ....


Jailbreak လုပ်ထားတဲ့ iDevice ဆိုရင် Jailbroken ကို နှိပ်ပါ Jailbreak လုပ်မထားဘူးဆိုရင် ပုံပါအတိုင်း Unjailbroken ကို နှိပ်ပါ..


Install ...



Install .... ကိုနှိပ်ပြီး သွင်းပေးလိုက်ပါ...



အောက်ပါအတိုင်း vShare Store ဆိုတဲ့ နာမည်နဲ့ ဖုန်း Screen ပေါ်မှာ ရောက်လာပါလိမ့်မယ်...

အဲ့ဒီ vShare Store App ကို နှိပ်ပြီးဖွင့်ပါ.... Search ဆိုတဲ့ အမှတ်အသားလေးကို Click ပြီး...

Video Downloader လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါ..

ဖြေးဖြေးချင်းဆွဲချပြီး ပုံထဲကလို Downloader လေးတွေ့ရင် ညာဖက်ဘေးက Install ဆိုတာလေးကို နှိပ်ပါ...


Install ....



ခဏစောင့်လိုက်ရင်....



Video တွေ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်သွားပါပြီ....


ကိုယ်လိုချင်တဲ့ Video တွေ ဒေါင်းယူဖို့အတွက် Downloader ကို ဖွင့်ပါ...


တကယ်လို့ Download App ကိုဖွင့်မရဘူးဖြစ်နေရင်....


Setting >>



Profiles & Devices Management >>



Huawei >>> မှ တဆင့်...




အောက်ပါပုံအတိုင်းဖြစ်အောင် ပြောင်းပေးလိုက်ပါ..




Video တွေဒေါင်းဖို့အတွက် Download App ကို နှိပ်ပြီး ဖွင့်လိုက်ပါ....




Safari Browser မှာလိုပဲ မိမိဒေါင်းယူလိုတာကို ရိုက်ထည့်ပြီး ရှာလိုက်ပါ..



တွေ့ရင် Video ကို နှိပ်လိုက်ပါ....



ဘယ်ဖက်ဘေးက SD Card Logo လေးကို နှိပ်လိုက်ပါ....



Download ကို နှိပ်ပြီး ....




စိတ်ထင် ထင်သလို....



လိုင်းကောင်း ကောင်းသလို ......


Memory ရှိ ရှိသလို စိတ်တိုင်းကျ Download ဆွဲနိုင်ပါပြီ.... :D







"Video တွေ Download ဆွဲရတာ အဆင်မပြေဖြစ်နေလို့ပါ" ပြောလာတဲ့ ညီမအတွက် ဒီလောက်ဆို လုံလောက်ပါပြီ....။

ဒါပေမဲ့.....

ဒီလောက်နဲ့ ပြီးမှာမဟုတ်ဘူး ဆိုတာ ကျနော်သိနှင့်လိုက်တယ်.... :D


အဲ့ဒါကတော့.... ဒေါင်းထားပြီးသား Video လေးတွေကို အချင်းချင်းတွေ့ကြတဲ့အခါ Share ချင်ကြဦးမယ်ဆိုတာပါပဲ ...... :D

"အာ့လေး လိုချင်တယ် ငါ့ကို Bluetooth , Zapya တခုခုကနေ Share ပေးပါ" လို့ ပြောလာခဲ့ရင် ...

ရုတ်တရက်ဆိုတော့ (စ,သုံးစဆိုတော့) သတိထားမိမယ်မထင်ဘူး...

အကြောင်းရင်းကတော့ Android ဖုန်းတွေမှာလို ဒေါင်းပြီးသား Video တွေက ဖုန်းရဲ့ Video Folder ထဲကို တိုက်ရိုက်ရောက်ရှိသွားတာမျိုး iDevice မှာမရှိလို့ပဲဖြစ်ပါတယ်....:)

 iDevices တွေက Downloader တွေသည် ဒေါင်းပြီးသား Video မှန်သမျှ အဲ့ဒီ Downloader App ထဲက Folder ထဲမှာပဲ ရှိနေပါတယ်....

 iDevices တွေကတဆင့် Video တွေ ၊ သီချင်းတွေကို Share ပေးမယ်ဆိုရင် မိမိ Share ပေးမဲ့ Video , Music MP3 စ တာတွေက iDevice ရဲ့ သက်ဆိုင်ရာ Video , Music နေရာတွေမှာ ရှိနေရပါမယ်...

ဥပမာ: Video , Photo  ဆိုရင် Photo Gallery ဆိုတဲ့ App ထဲမှာ ရှိနေရပါမယ်.. ဒါမှ အလွယ်တကူ Share လို့ရစေမှာပါ..။


အင်းးးးး..... ဒါလည်း တချိန်ချိန်မှာ မေးလာလိမ့်မယ် လို့ အတွေးဝင်ပြီး....

အပြီး အပြတ် ဖြတ်တဲ့အနေနဲ့  :D  :D

တခါထဲရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်.... :D


 စောစောက ဒေါင်းယူထားတဲ့ Video တွေကို Photo Gallery ထဲကို ပို့ချင်တယ်ဆိုရင် အောက်ပါနည်းလမ်းအတိုင်း ပို့လို့ရပါတယ်..။

ပုံမှာ မျှားလေးနဲ့ ပြထားတဲ့

သင်္ကေတလေးကို နှိပ်လိုက်ပါ...




Export to Camera Roll နှိပ်ပြီး....



တစ်ယောက်နှင့် တစ်ယောက် အလွယ်တကူ Share နိုင်မဲ့ Video တွေအဖြစ် သိမ်ထားနိုင်ပါပြီ... Share ပေးမယ်ဆိုရင်လည်း Share ပေးနိုင်ပါပြီ... :)



မလိုအပ်ပဲ Post ရှည်သွားတာကို... သည်းခံပြီး ဆုံးအောင်ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...:D


(iDevices ကို ခုမှ စ သုံးကြတဲ့  ညီငယ်/ညီမငယ် တွေကို ရည်ရွယ်ရေးသားခြင်းပါ)


အားလုံးကို


လေးစားလျှက်


ဝင်းကမ္ဘာကျော် 

www.winkabarkyaw.net

No comments:

Post a Comment