♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ Sony က Xperia X, XA, X Performance ကို မိတ်ဆက် ♫

Sony က MWC တွင် X, XA, X Performance စမတ်ဖုန်း အသစ် သုံးလုံးကို ပြသလိုက်ပါသည်။
Sony Xperia XA
------------------
Sony Xperia XA သည် စမတ်ဖုန်း သုံးလုံးတွင် စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး MediaTek MT6755 Processor, 2GB RAM, 5” 720p Display , 13MP/8MP Camera, 16GB Storage , 2300mAh Battery တပ်ဆင်ထားပါသည်။ Sony က X ကို “ Supermidrange” ဟု ပြောပါသည်။ စမတ်ဖုန်း သုံးလုံးသည် ဒီဇိုင်း ဆင်တူပါသည်။ X ကို Single နှင့် Dual SIM Model များ ထုတ်လုပ်ပေးထားပြီး Android 6.0 Marshmallow ထည့်သွင်းထားပါသည်။ စမတ်ဖုန်း သုံးလုံးစလုံးတွင် Sony Stamina Mode ပါရှိပြီး ၂ ရက် အသုံးခံသည်ဟု Sony က ပြောပါသည်။



Sony Xperia X
------------------
Xperia X သည် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထဲတွင် အမြင့်ဆုံး စွမ်းဆောင်ရည် ရှိသည့် စမတ်ဖုန်းဟု ကုမ္ပဏီက ပြောပါသည်။ Snapdragon 650 Processor, 3GB RAM, 5” 1080p Display, 32GB Storage , 2620mAh Battery , 23MP/13MP Camera တပ်ဆင်ထားပါသည်။ အဓိက ကင်မရာသည် Z5 နှင့် တူညီသော်လည်း ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်စေရန် ဆော့ဝဲကို အဆင့်မြှင့်ထားသည်ဟု Sony က ပြောပါသည်။
Sony Xperia X Performance
-----------------------------------
X Performance သည် X နှင့် ဆင်တူသော်လည်း Qualcomm ၏ စွမ်းဆောင်ရည်မြင့် Snapdragon 820 Processor ကို အဆင့်မြှင့် တပ်ဆင်ထားပါသည်။ အနည်းငယ် ပိုမိုကြီးမားသော 2700mAh Battery ပါရှိပါသည်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများနှင့် နှိုင်းယှဉ်လျှင်မူ ငါးလက်မ Full HD Display နှင့် အနည်းငယ်သေးငယ်သော ဘက်ထရီကြောင့် အနည်းငယ် စွမ်းရည် နည်းပါးပါသည်။
စမတ်ဖုန်း သုံးလုံးကို လာမည့် လေးလနောက်ပိုင်းကျော်မှ ရောင်းချမည်ဖြစ်သော်လည်း ဈေးနှုန်းကို မသိရသေးပါ။

No comments:

Post a Comment