♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ ဖုန်းတွင်းအစိတ်အပိုင်းတွေကို အသုံးပြုသူကိုယ်တိုင် စိတ်ကြိုက်လဲတပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ♫



မှန်ကွဲသွားတဲ့ဖုန်းတစ်လုံးကို ကိုယ့်ဘာသာ မှန်အသစ်ဝယ်ပြီး လဲတပ်ဖူးပါသလား။ ဖုန်းတွေမှာ မှန်လဲတပ်ရတာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘဲ၊ ဟာ့ဒ်ဝဲပိုင်းကျွမ်းကျင်သူတွေသာ လုပ်နိုင်တဲ့အလုပ် ဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့စမတ်ဖုန်းတွေကို user ကိုယ်တိုင်စိတ်ကြိုက် လဲတပ်၊ ပြင်ဆင်နိုင်အောင် မပြုလုပ်ပေးထားပါဘူး။

ဒါပေမယ့် စမတ်ဖုန်းတွေရဲ့သမားရိုးကျဒီဇိုင်းကို တော်လှန်ပစ်မယ့် စမတ်ဖုန်းတစ်မျိုးထွက်ပေါ်လာပါပြီ။ Fairphone ရဲ့ ဒုတိယမြောက်မျိုးဆက်စမတ်ဖုန်း၊ Fairphone 2 ဟာ LG G5 အရင် ဈေးကွက်ထဲကိုဝင်လာမယ့်၊ မော်ဂျူးအစိတ်အပိုင်းတွေလဲတပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးဖုန်းဖြစ်ပါတယ်။ မှန်ဘီလူးပိုကောင်းတဲ့ကင်မရာကို လိုချင်ရင်၊ ၀က်အူလှည့်တစ်ခုရှိရုံနဲ့ ကိုယ့်စိတ်ကြိုက်ကင်မရာကို လဲတပ်နိုင်သလို၊ မှန်ကွဲသွားရင်လည်း ဆိုင်ပို့စရာမလိုဘဲ၊ ဖုန်းမှန်ဝယ်ကာ၊ မိမိဘာသာအလွယ်တကူတပ်ဆင်နိုင်ပါတယ်။

Fairphone CTO Oliver Hebert ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြသွားတဲ့ဗီဒီယိုအရ၊ Fairphone ရဲ့ မှန်ကို ကိုယ်တိုင်လဲတပ်ဖို့အတွက် ကြာမြင့်ချိန်ဟာ ၂၃ စက္ကန့်ပဲရှိပြီး၊ လဲတပ်ပုံကလည်း လွယ်ကူလွန်းလှတာကို တွေ့ရပါတယ်။ Fairphone 2 ကို သီးခြားအစိတ်အပိုင်းတွေ အမျိုးမျိုး ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ထားပြီး၊ ကာဗာ၊ ဘက်ထရီ တို့အပြင် မိုက်ခရိုဖုန်း၊ စပီကာ၊ USB ပေါက် စတာတွေကိုလည်း တစ်ခုချင်းစီ ဖြုတ်/တပ် ပြုလုပ်နိုင်ပါတယ်။ အစိတ်အပိုင်းမှားဖြုတ်တာမျိုး မဖြစ်အောင်၊ စပီကာ၊ကင်မရာစတဲ့ သင်္ကေတပုံလေးတွေ လည်း ပါရှိပြီး၊ အမှားအယွင်းမရှိ ဖြုတ်တပ်နိုင်ပါတယ်။

Fairphone 2 ဟာ ငါးလက်မအရွယ် HD LCD gorilla glass မျက်နှာပြင်ပါရှိပြီး၊ RAM 2GB ၊ ဖုန်းတွင်းမမ်မိုရီ 32 GB တို့ပါရှိကာ microSD ကတ် 64 GB အထိ ထပ်စိုက်နိုင်ပါတယ်။ Android 5.1 Lollipop စနစ်ဖြစ်ပြီး၊ SIM ကတ် အပေါက်နှစ်ပေါက်ပါရှိပါတယ်။

Fairphone 2 ဖုန်းတွေကို လက်ရှိမှာ အမေရိကန်နိုင်ငံကလွဲလို့၊ ကျန်တဲ့ကမ္ဘာ့နိုင်ငံအများအပြားမှာ ယူရို ၅၂၅ ဈေးနှုန်းနဲ့ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment