♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ " Samsung Galaxy A9 Pro " ♫

၂၀၁၆ အတွက် Galaxy A9 Pro ကို Samsung စတင်မိတ်ဆက်ပေးလိုက်တဲ့အချိန်ဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ Samsung Galaxy A9 ထွက်ရှိပြီး သိပ်မကြာတဲ့ကာလအတွင်းမှာပဲ Pro Version တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ A9 Pro မှာ ထပ်ပေါင်းထည့်ပေးထားတဲ့ features အသစ်တွေနဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာတဲ့အချက်တွေကို တွေ့နိုင်ပါတယ်။ Galaxy A9 Pro မှာ အရင်ဖုန်းတွေနဲ့ ကြီးကြီးမားမား ကွာခြားချက်တွေသိပ်မတွေ့ရဘဲ ဒီဇိုင်းကအစ A series ပုံစံအတိုင်း တူညီ ပါတယ်။ Samsung ရဲ့ flagship S series ဒီဇိုင်းမျိုးတွေနဲ့ယှဉ်ကြည့်တဲ့အခါ A series အဖွဲ့ဝင်ဖြစ်တဲ့ A9 Pro ဟာ ပိုပြီးလေးထောင့်ဆန်တဲ့ဒီဇိုင်းကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။

Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ ဖုန်းအမျိုးအစားတွေဟာ နောက်ပိုင်းမှာ ပိုမိုခံ့ညားထည်ဝါတဲ့ ဖန်သားဒီဇိုင်းဘက်ကို တဖြည်းဖြည်းကူးပြောင်းလာနေတာ သတိထားမိကြမှာပါ။ A9 Pro ကို Samsung စမတ်ဖုန်းအများကြီးထဲမှာအပြင် အခြားအမျိုးအစားတွေအလယ်မှာ ထူးခြားပြီး ရွေးရလွယ်ကူအောင် Galaxy A9 Pro အရွယ်အစားကို ခြားနားချက်ဖြစ်လာအောင် ဖန်တီးပေးခဲ့ပြီး ဖုန်းအရွယ်ကိုကြည့်ရုံနဲ့တင် A9 Pro ကို ခွဲခြားနိုင်ပါတယ်။ Gorilla Glass နဲ့ ဖုန်းရှေ့မျက်နှာပြင်၊ ကျောဘက်တစ်လျှောက်လုံးကို ကွေးညွတ်နေအောင် တည်ဆောက်ပေးခဲ့ပြီး သတ္တုဘောင်နဲ့ကိုယ်ထည်ကို ထိန်းချုပ်ထားပါတယ်။

Samsung Galaxy A9 Pro အတွက် ကြီးမားတဲ့ပြောင်းလဲမှုကို ဒီဇိုင်းပိုင်းမှာ သိမ်မတွေ့ရပါဘူး။ ဒါပေမဲ့ Phablet အချင်းချင်းကွဲပြားမှုကို ဘေးချင်းယှဉ်ပြီး သေချာတိုက်ကြည့်လိုက်ရင်တော့ A9 Pro ဟာ နည်းနည်းလေး ထူးခြားနေပါတယ်။ A9 Pro ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် နည်းနည်းလေး ပိုများနေပြီး အခြား Phablet တွေထက်လည်း ပိုမိုထူပါတယ်။ အလေးချိန်နဲ့အထူကြောင့် A9 Pro ရဲ့ လှပမှုကို စိုးရိမ်စရာမလိုဘဲ ခမ်းနားတဲ့ဒီဇိုင်းကို Samsung က ပြုလုပ်ခဲ့ပေးပြီးသားဖြစ်ပါတယ်။ ဖန်သားနဲ့ အလူမီနီယမ်ဘေးထောင့်တွေကို လှလှပပကွေးထားတဲ့ဒီဇိုင်းကြောင့် A9 Pro ဟာ လက်ထဲမှာ ကျစ်လျစ်နေပြီး ချော်ထွက်ခြင်းလည်း မရှိပါဘူး။

Dual-SIM ထည့်သုံးရမယ့် ဆင်းကတ်ပေါက်ကို ဖုန်းညာဘက်ခြမ်းမှာ တွေ့ရပေမယ့် microSD ကတ်ကိုတော့ အပေါ်ပိုင်းမှာ ထည့်သွင်းသုံးစွဲရပါလိမ့်မယ်။ A9 Pro မှာ Home ခလုတ်ကအစ အလူမီနီယမ်နဲ့ ဖွဲ့စည်းထားပြီး fingerprint scanner ပါဝင်ပါတယ်။ Pro mode ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ထားရလောက်အောင် အရည်အချင်းပြည့်ဝတဲ့အချက်ဟာ A9 Pro ရဲ့ Display လည်း ဖြစ်ပါတယ်။ ၆ လက်မအရွယ်ထိ မျက်နှာပြင်ကို ကြီးကြီးမားမား ဖွဲ့စည်းပေးထားပြီး Super AMOLED ကြောင့် ရုပ်ထွက်ပိုင်းကို ယုံကြည်စိတ်ချနိုင်ပါတယ်။

2.5D Curved Gorilla Glass 4 ကို မျက်နှာပြင်အပေါ်ကနေ ဖုံးအုပ်ထားပြီး ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels full HD ဖြစ်ပါတယ်။ A9 Pro မှာ Android OS 6.0.1 (Marshmallow) ကို ထည့်သုံးထားပါတယ်။ ဖုန်းရဲ့ အဓိကကင်မရာအဖြစ် 16MP ကင်မရာကို သုံးနိုင်မှာဖြစ်ပြီး OIS ပါဝင်မှုနဲ့ LED flash ကြောင့် နှစ်သက်စရာကောင်းပါတယ်။ Full HD 1080p ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ 8MP ကင်မရာဟာလည်း Full HD ဗီဒီယိုတွေ ကောင်းကောင်းဖန်တီးပေးနိုင်ပါတယ်။ Pro မှာ တိုးတက်လာတဲ့ ကင်မရာလုပ်ဆောင်ချက်တွေကြောင့် Samsung Galaxy A9 Pro ဟာ ပိုမို အသက်ဝင်လာခဲ့ပြီး Galaxy A9 13MP ကင်မရာဟာ အခု 16MP အထိ မြင့်တက်လာပါတယ်။

ဖုန်းအတွင်းပိုင်းမှာ Snapdragon 652 chipset ကို A9 Pro အတွက် အမှန်ကန်ဆုံးရွေးချယ်ပေးခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းဟာ octa-core processor ကြောင့် မြန်နှုန်းတစ်စက်ကလေးမှ မလျော့ပါဘူး။ A9 Pro ရွဲ့ RAM ဟာလည်း 4GB ထိ အမြင့်ဆုံးသုံးရမှာဖြစ်ပြီး App နဲ့ ဂိမ်းတွေရဲ့မြန်နှုန်း ပိုမြင့်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး microSD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါတယ်။

* Battery Life *
A9 Pro ရဲ့ ဘက်ထရီခံနိုင်ရည်အားဟာ ဖုန်းရဲ့အားသာချက်တစ်ချက်ဖြစ်ပြီး Pro မှာ 5000mAh အထိ မြင့်တက်လာပါတယ်။ ဘက်ထရီကို နှစ်ရက်လောက်ထိ အားသွင်းစရာမလိုဘဲသုံးနိုင်ပြီး 2.0A fast charging ကြောင့် အားသွင်းချိန် အလွန်မြန်ဆန်ပါတယ်။

* Design *
ဖန်သားနဲ့ အလူမီနီယမ် တည်ဆောက်ထားတဲ့ဒီဇိုင်းကို A9 Pro အတွက် ဖန်တီးပေးခဲ့ပြီး အလေးချိန်တော့ နည်းနည်းပိုများလာပါတယ်။ ဒီဇီုင်းလှပပြီး တည်ဆောက်ထားပုံ သပ်ရပ်တာတို့ကြောင့် အပြစ်အနာအဆာမရှိဘဲ ပြီးပြည့်စုံတဲ့အလှကို ပိုင်ဆိုင်ထားပါတယ်။

* Processor *
Snapdragon 652 chip ကို A9 Pro မှာ ဆက်လက်သုံးစွဲခဲ့ပြီး octa-core processor နဲ့ စွမ်းဆောင်ရည်အတွက် ဆောင်ရွက်ပေးနိုင်ပါတယ်။ RAM ဟာ ပိုမိုများပြားလာပြီး 4GB အထိ မြင့်တက်လာပါတယ်။ ဂရပ်ဖစ်ပိုင်းကို ကောင်းမွန်တဲ့ Adreno 510 ကို သုံးပေးထားပါတယ်။

* Display and Camera *
၆ လက်မအရွယ် screen ကို သုံးနိုင်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးထားတာကတော့ Super AMOLED Display ဖြစ်ပါတယ်။ ဖုန်းရဲ့ပင်မကင်မရာဟာ 16MP ဖြစ်ပြီး LED flash ပါဝင်ပါတယ်။ Full HD ဗီဒီယိုကိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာ 8MP ကို တပ်ဆင်ထားပါတယ်။

* Verdict *
Samsung ဟာ Pro version မှာ ပိုမိုအဆင့်မြင့်လာတဲ့ ကင်မရာလုပ်ဆောင်ချက်တွေ ထည့်သွင်းခဲ့ပြီး A9 ရဲ့ 13MP ကင်မရာဟာ A9 Pro မှာ 16MP အထိ မြင့်တက်လာပါတယ်။ Pro ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ A9 Pro မှာ တွေ့နိုင်ပါတယ်။

Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Display : 6.0", Super AMOLED capacitive touchscreen
» Dimensions : 6.37 x 3.19 x 0.31 inch
» Memory : 32GB, 4GB RAM, microSD, up to 256GB
» Camera : 16 Megapixel, Front : 8 Megapixel, autofocus, OIS, LED flash, Geo-tagging, touch focus, face detection, panorama, HDR
» Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0
» OS : Android OS, v6.0.1 (Marshmallow)
» Chipset : Qualcomm MSM8976 Snapdragon 652 GPU : Adreno 510
» Protection : Corning Gorilla Glass 4
Price » 555,000 Ks
Contact Phone » 01-224502 ( CTM )

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment