♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ iPhone 7 နှင့် 7 Plus များကို မြန်မာပြည် ဈေးကွက်တွင် ဝယ်ယူနိုင်မည် ♫

Apple စမတ်ဖုန်းကုမ္မဏီမှ ၎င်းတို့၏ ထုတ်ကုန်သစ်များဖြစ်သည့် iPhone 7 နှင့် 7 Plus များကို စက်တင်ဘာလ ၇ ရက်တွင် တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် မြန်မာပြည်ဈေးကွက်၌ စက်တင်ဘာလ တတိယအပတ်တွင် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း Win Mobile World အရောင်းဆိုင်မှသိရသည်။

“ကျွန်မတို့ အခုအသစ်ထွက်ရှိလာတဲ့ iPhone 7 နဲ့ 7 Plus စမတ်ဖုန်းတွေကို လာမယ့် စက်တင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ စတင်ရောင်းချပေးသွားမှာပါ။ ကျွန်မတို့ အနေနဲ့ ဈေးနှုန်းတွေကိုတော့ မသတ်မှတ်ရသေးပါဘူး။ အခုထွက်ရှိလာတဲ့ iPhone 7 နဲ့ 7 Plus ရဲ့ Memory အစုံကို ရောင်းချပေးသွားမှာပါ။ အရောင်တွေကတော့ Jet Black လွဲပြီး ကျန်တဲ့ Black, Gold, Rose Gold အစရှိတဲ့ အရောင်အားလုံးကို ရောင်းချပေးသွားမှာပါ” ဟု Win Mobile World အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

iPhone 7 နှင့် 7 Plus ကို 32 GB, 128 GB နှင့် 256 GB စသည်ဖြင့် အမျိုးအစားသုံးမျိုး ထုတ်လုပ်ထားပြီး Win Mobile World အရောင်းဆိုင် ဖုန်း-၀၉ ၇၈၅၂ ၂၂၈၈၈ တွင် စက်တင်ဘာလ ၂၁ ရက်မှစတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။

No comments:

Post a Comment