စဉ်ဆက်မပြတ်သောစမတ်ဖုန်းမော်ဒယ်သစ်များဖြင့်ဈေးကွက်ကိုလှုံ့ဆော်ပေးတတ်သည့်Samsung
ကတော့ထုံးစံအတိုင်း၎င်းတို့၏နောက်ဆုံးထုတ် Galaxy S7 နှင့်Galaxy S7 Edge
စမတ်ဖုန်းများကိုတရားဝင်မိတ်ဆက်သွား
ခဲ့ပြန်သည်။ပြီးခဲ့သောအပတ်ကဘာစီလိုနာမြို့တွင်ကျင်းပခဲ့သောကမ္ဘာ့မိုဘိုင်းကွန်ဂရက်တွင်ဖြစ်၏။ထူးခြားသစ်လွင်မှုများနှင့်အတူပရိသတ်ရှေ့မှောက်ရောက်လာသည့်Samsung
Galaxy S7 နှင့်S7 Edge စမတ်ဖုန်းများထံတွင်
အပြောင်းအလဲများစွာလည်းရှိနေပါလိမ့်မည်။လတ်တလောသုံးသပ်ချက်က
တော့စွမ်းဆောင်ရည်နှင့်တည်ဆောက်ပုံအရတိုးတက်မှုများရှိလာသော်
လည်းတခုတ်တရချီးကျူးရလောက်သည့်နည်းပညာပိုင်းအားသာချက်မျိုး
မတွေ့ရသေးဟုလည်းဆိုကြသည်။မည်သို့ပင်ဖြစ်စေ၊Samsung ၏ထုတ်ကုန်
သစ်ကိုအားလုံးကApple ၏လက်ရာများနှင့်သာနှိုင်းယှဉ်အကဲဖြတ်ကြမည်
သာဖြစ်သည်။သတင်းများ၏အဆိုအရGalaxy S7 နှင့်S7 Edge တို့တွင်
ရှေ့၊နောက်ကင်မရာများပို၍အရည်အသွေးမြင့်မားလာပြီးProcessor လည်း
ပိုမိုမြန်ဆန်လာခဲ့ကြောင်းသိရသည်။RAMနှင့်microSDအထောက်အပံ့စနစ်
များလည်းပို၍ကောင်းမွန်လာခဲ့သည်။ခြုံ၍ပြောရလျှင်Samsung ၏
နောက်ဆုံးထုတ်လုပ်မိတ်ဆက်လိုက်သောS7ဖုန်းများသည်တကယ့်ကို
အရည်အသွေးမြင့်မားသောAndroid Devices ဖြစ်လိမ့်မည်မှာသံသယ
ရှိစရာမလိုသောကိစ္စပင်။သို့သော်ဈေးကွက်အနေအထားအရမေးသင့်သည့်
မေးခွန်းတစ်ခုကGalaxy S7 နှင့်S7 Edge တို့သည်Apple ၏iPhone
ရောင်းအားအပေါ်ဘယ်လောက်အထိအကျိုးသက်ရောက်နိုင်ပါသလဲ ဟူ၍ဖြစ်သည်။
လတ်တလောApple ၏ရောင်းအားအကောင်းဆုံးစမတ်ဖုန်းကတော့အားလုံး
သိထားသည့်အတိုင်းiPhone 6s နှင့်6s Plus ဖြစ်ရာSamsung အနေဖြင့်
လည်းS7နှင့်S7 Edge တို့တွင်iPhone 6s တို့ကိုယှဉ်ပြိုင်နိုင်မည့်ထိပ်တန်း
အရည်အသွေးမျိုးကိုတော့သေချာပေါက်ထည့်သွင်းထားမည်ဖြစ်ပါ၏။
တစ်နည်းဆိုရလျှင်တော့iPhone 7ဆိုသည့်မော်ဒယ်သစ်ထွက်ပေါ် မလာ မချင်းiPhone
6များကိုကောင်းကောင်းချိုးနှိမ်ထားနိုင်သည့်အရည်အသွေး မျိုးကို Galaxy S7
ဖုန်းများထံတွင်တွေ့မြင်ရပါမည်လား။Apple ၏ ရင်းနှီး
မြှုပ်နှံသူ၊ရှယ်ယာရှင်များကတော့စင်ပေါ်ရောက်လာသောGalaxy S7များ
နှင့်ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ကြမည်မှာသေချာသည်။၎င်းတို့ကိုဖြေသိမ့်
ပေးနိုင်မည့်အချက်ဘယ်လောက်များများရှိပါသေးသလဲ။
<Galaxy S7 နှင့်iPhone 6s>
ဈေးကွက်ဝေစုအများအပြားကိုသိမ်းပိုက်ထားပြီးသောApple ၏iPhone
6sများနှင့်ယခုထွက်ရှိလာသည့်Samsung Galaxy S7 တို့ကိုနှိုင်းယှဉ်လိုက်
သောအခါအားလုံးမျှော်လင့်ထားသည့်အတိုင်းS7များကနှာတဖျားအသာရ
ထားသည်ကိုတွေ့ရသည်။နောက်မှထွက်ပေါ်သည့်ပစ္စည်းကပို၍မြင့်မား
သောနည်းပညာနှင့်ဒီဇိုင်းကိုပိုင်ဆိုင်လာမည်ကသဘာဝကျသောကိစ္စသာ
ဖြစ်၏။သို့သော်S7 များထံတွင်iPhone 6sများထက်အားသာချက်က
လတ်တလောအပေါ်ယံသုံးသပ်မှုအရ၃ချက်လောက်သာရှိထားလေသည်။
ကိုယ်ထည်ဒီဇိုင်းပိုမိုလှပပြီးမျက်နှာပြင်အရည်အသွေးမြင့်မားလာခြင်း၊
ထိတွေ့မျက်နှာပြင်အကျုံးဝင်ရာနယ်ပယ်နှင့်ကိုယ်ထည်ဘောင်နံရံများ
အကြားကွာဟမှုအလွန်ကျဉ်းမြောင်းပြီးပုံရိပ်ကြီးကြီးဖမ်းယူရရှိနိုင်ခြင်း၊
ကင်မရာအရည်အသွေးပိုမိုကောင်းမွန်လာခြင်းတို့ကသာအထင်ရှားဆုံး
တွေ့မြင်ရသောအားသာချက်များဖြစ်နေသည်။အခြားတစ်ဖက်တွင် Samsung ၏Galaxy S7
ဖုန်းများကိုမျက်ဝါးထင်ထင်မြင်လိုက်ရသော Apple
အနေဖြင့်လည်းiOSသုံးသော၎င်းတို့၏စမတ်ဖုန်းများနှင့်ပတ်သက်ပြီး
အားသာချက်တစ်စုံတစ်ရာကိုတော့ဆုပ်ကိုင်ထားလိမ့်မည်ထင်ရသည်။ Apple
အတွက်တော့ကန့်သတ်ချက်များပြားသည့်iOSကိုသုံးထားခြင်းကပင်
ကိုယ်အားသာချက်တစ်ရပ်ဖြစ်နေနိုင်ပြီ3းD Touchကဲ့သို့Feature မျိုးကို
ပိုင်ဆိုင်ထားခြင်းကလည်းဖောက်သည်များအပေါ်ဆွဲဆောင်စရာဖြစ်နိုင်ပါ
သေးသည်။သို့သော်3D Touch နည်းပညာမျိုးကယနေ့ခေတ် အခါမျိုးတွင် Apple
ကုမ္ပဏီကမျှော်လင့်ထားသကဲ့သို့ဖောက်သည်များစွာအတွက်မရှိ
မဖြစ်လိုအပ်သည့်Feature မျိုးဖြစ်လာရန်မသေချာတော့ပေ။
အသေအချာစဉ်းစားမည်ဆိုလျှင်Samsung ၏ဈေးကွက်နည်းဗျူဟာကို လည်းS7
စမတ်ဖုန်းများနှင့်အတူအထင်အရှားတွေ့မြင်နိုင်ပါသေးသည်။ iPhone 6s
များအပေါ်ဖောက်သည်များသွေးအေးသွားလောက်ပြီ၊ငြီးငွေ့
သွားကြလောက်ပြီဟုထင်ရသောအချိန်မျိုးအရောက်တွင်စွဲမက်ဖွယ်ရာ Galaxy S7
များကိုထုတ်ပြပြီးဖောက်သည်များကိုဆွဲဆောင်ခေါ်ယူရန်
ကြိုးစားလာခဲ့ခြင်းပင်ဖြစ်သည်။
<Apple အတွက်လိုအပ်ချက်များ>
Samsung ၏Galaxy S7 မော်ဒယ်ထွက်ပေါ်လာခြင်းသည်ပွင့်ပွင့်လင်းလင်း
ပြောရလျှင်Apple ၏နည်းဗျူဟာပြောင်းလဲချိန်တန်ပြီဆိုခြင်းကိုသတိပေး
လိုက်သကဲ့သို့ရှိတော့သည်။Apple အနေဖြင့်Samsung ၏လွှမ်းမိုး
ခြိမ်းခြောက်မှုကိုတွန်းလှန်ပယ်ဖျက်ရန်အတွက်အဓိကအရေးကြီးဆုံးက သမားရိုးကျ
နည်းဗျူဟာလမ်းကြောင်းထဲမှဖောက်ထွက်လိုက်ရန်ပင်ဖြစ်၏။ iPhone
ဆိုလျှင်လည်းiPhone အလျောက်စီးရီးများဆက်တိုက်ထုတ်လုပ်ခဲ့ သော်လည်း
၎င်းတို့ကြားတွင်မျက်လုံးမျက်ဆံပြူးသွားလောက်သည့်
အပြောင်းအလဲမျိုးမရှိသလောက်ရှားပါးခဲ့သည်။အမှန်တကယ်တော့Apple
သည်လက်ရှိအကောင်းဆုံးiPhone ဟုသတ်မှတ်ထားကြသောiPhone 6s နှင့်6s Plus
တို့ထံတွင်ဟိုးလေးတကျော်ကျော်ဖြစ်သွားနိုင်လောက်သည့်
တီထွင်ဆန်းသစ်မှုမျိုးထည့်သွင်းခဲ့ဖို့ပင်ကောင်းသေးတော့သည်။ယခင်က
ထက်ပိုမိုမြန်ဆန်သွက်လက်လာခြင်း၊ကင်မရာအရည်အသွေးမြင့်မားလာခြင်း၊Display
မျက်နှာပြင်ကျယ်ပြန့်ပြီးပုံရိပ်များကြည်လင်ပြတ်သားလာခြင်း စသည့်
မပြောပလောက်သည့်အချက်များကိုဖောက်သည်များကလည်း စိတ်ဝင်စားကြမည်မဟုတ်ပါ။
iPhone ၏နောက်ခြေလှမ်းတစ်ခုဖြစ်သောiPhone 7 နှင့်7 Plus တို့မှာ
ယခုနှစ်နှောင်းပိုင်း၊စက်တင်ဘာလလောက်မှထွက်ရှိမည်ဟုအကြမ်းဖျင်းခန့်မှန်းထားကြသည်။ထို့ကြောင့်ယင်းအချိန်မတိုင်မီအတောအတွင်းGalaxy
S7 အားကိုးနှင့်ဝင့်ကြွားနေမည့်Samsung အားတုဖက်ယှဉ်ပြိုင်ရန်Apple
အတွက်အခွင့်အလမ်းတော်တော်နည်းသွားပြီဖြစ်သည်။iPhone 7 ကို မြန်မြန်
ပွဲမထုတ်နိုင်သေးသရွေ့Apple တို့ခြေတစ်လှမ်းနောက်ကျနေဦးမည့်
သဘောပင်။အကယ်၍iPhone 7 ထွက်ပေါ်လာခဲ့လျှင်လည်းယခုGalaxy S7
ထက်အဆပေါင်းများစွာသာလွန်နိုင်မည့်တီထွင်ဆန်းသစ်မှုမျိုးကိုတစ်ပါ
တည်းယူဆောင်လာရန်လိုအပ်လိမ့်မည်ဖြစ်သည်။Apple တာဝန်ရှိသူများ
တွေးတောထားရမည့်အချက်က၎င်းတို့ထုတ်လုပ်ဖန်တီးမည့်iPhone 7 သည် လက်ရှိSamsung
Galaxy S7 ကိုသာမကနောင်မျိုးဆက်သစ်ဖြစ်လာ နိုင်သည့် Galaxy S8
အထိရင်ပေါင်တန်းယှဉ်ပြိုင်နိုင်မည့်အရည်အသွေးမျိုးရှိ
ထားရမည်ဟူသည့်အချက်ပင်ဖြစ်သည်။အချိန်ကာလအားဖြင့်တိုင်းဆမည်ဆိုပါကGalaxy S8
သည်လာမည့်၂၀၁၇ခုနှစ်၊မတ်(သို့) ဧပြီလတွင်ထွက်လာ နိုင်ဖွယ်ရှိလေသည်။
<R&D မှပေးမည့်Apple အတွက်အသီးအပွင့်>
အခြားတစ်ဖက်တွင်Apple အနေဖြင့်Samsung ၏Galaxy စီးရီး စမတ်ဖုန်း
များလွှမ်းမိုးမှုကိုကာကွယ်တားဆီးရန်Third-Party Suppliers ခေါ်Hardware
ထောက်ပံ့သူများနှင့်အချိတ်အဆက်မိရန်လည်းလိုအပ်ပါဦးမည်။iPhone 7
သို့မဟုတ်မဝေးတော့သောအနာဂတ်တွင်ထွက်ပေါ်လာမည့်iPhone အသစ်
တွင်ပါဝင်လာမည့်Chip မှာA10 ဖြစ်မည်ဟုယုံကြည်ရသည်။တကယ်တော့A9 Chip
သည်ပင်လျှင်လက်ရှိGalaxy S7 ကိုမောင်းနှင်ပေးသည်ဟုယူဆရ သည့်Exynos 8890
သို့မဟုတ်Snapdragon 820 Chip များထက်ပို၍
စွမ်းဆောင်ရည်မြင့်မားပြီးသားဖြစ်သည်။ထို့ကြောင့်Apple အနေဖြင့် အရှိန်
ယူ၍A10 Chip Processor ကိုဖန်တီးထုတ်လုပ်နေခြင်းဖြစ်နိုင်ပြီး အချိန်
အတိုင်းအတာတစ်ခုအထိစမတ်ဖုန်းလောကကိုလွှမ်းမိုးတော့မည့်အရိပ်
အယောင်များလည်းရှိနေပြန်သည်။နောက်တစ်ချက်ကDisplay မျက်နှာပြင်
ပိုင်းအရပို၍ကြည်လင်ပြတ်သားပြီးပို၍ဆွဲဆောင်မှုရှိရန်လည်းApple ၏ Hardware
ထောက်ပံ့သူများထံတွင်တာဝန်ရှိနေပြန်သည်။ထို့ထက်ပို၍ ပြောရလျှင်Samsung
အပါအ၀င်Apple ၏ပြိုင်ဘက်များ၏အမြင်တွင်
လိုက်လံတုပ၍မရနိုင်လောက်သည့်ဆန်းသစ်လှပမှုမျိုးအထိရောက်ရှိသွားနိုင်ဖို့လိုအပ်နေခြင်းဖြစ်သည်။
သတင်းကောင်းတစ်ရပ်ကတော့စမတ်ဖုန်းထုတ်လုပ်ရေးနှင့်ပတ်သက်သည့်R&D
လုပ်ငန်းများတွင်Apple ကုမ္ပဏီ၏အသုံးစရိတ်နှင့်အာရုံစိုက်ကြိုးပမ်း မှုများ
မှာလွန်ခဲ့သော၂နှစ်ကစ၍သိသိသာသာတိုးတက်လာခဲ့သည် ဆိုခြင်း ပင်။ R&D
တွင်အားစိုက်ကြိုးပမ်းထားသည့်Apple အနေဖြင့်Samsung Galaxy S7
ကိုကျော်ဖြတ်နိုင်သည့်အသီးအပွင့်အားမကြာမီခံစားရဖွယ် ရှိနေသည်။
Ref : (Should Apple Inc. Fear the Samsung Galaxy S7 and S7 Edge? - by Ashraf Eassa)
♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫
ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...
-
33MB မျှသာရှိတဲ့ ရှိတဲ့ Microsoft Office 2003 PRO ပါ... Window 10 အထိ အသုံးပြုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး အသုံးပြုလိုသူများနှင့် စ...
-
အခုတလော စမတ်ဖုန်းကိုင်သူတွေကြားမှာ ရေပန်းစားနေတဲ့စကားလုံးကတော့ ‘wireless charging’ ‘ကြိုးမဲ့ အားသွင်းစနစ်’ ပဲ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွ...
-
Android OS နှင့် Tablet ကိုင်ဆောင်ထားသော သူငယ်ချင်းတွေအတွက် မိမိ ဖုန်းထဲ့မှာပင် ကာလာအိုကေ သီချင်းဆိုနိုင်မယ့် Smule 3.4.9 Apk လေးကု...
-
ဘောလုံးဝါသနာရှင်များအတွက် PES 2017 ဘောလုံးဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဘောလုံးဂိမ်း ဆိုတော့လည်း ထွေထွေထူးထူးရှင်းပြနေဖို့တော့ မလို...
-
i-Phone အတုအစစ် ဘယ်လိုခွဲမလဲ သိချင်သောသူများအတွက် အခုတလော Iphone တွေကိုလိမ်ပြီးရောင်းနေတယ်ဆိုတဲ့ သတင်းက တော်တော်ဆိုးရွားစွာ ကြားနေကြ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment