
Sony Xperia T3 D5103 , Build number : 18.1.A.2.25 ကို Root ဖေါက်ဖို့ အခက် အခဲ ဖြစ်နေ တဲ့ မိတ်ဆွေများ အတွက် နည်းလမ်း လေးကို ပြန်လည် မျှဝေပေး လိုက်ပါတယ်....
ဒီ Model ကတော့ Flashtool နဲ့ Flash ပေးရတာပါ..

(အမှားအယွင်း မဖြစ်စေဖို့ ရေးထားသည့်အတိုင်း တိကျ သေချာအောင် လုပ်ပေးရန် လိုအပ်ပါသည်)
ပထမဆုံး ဖုန်းမှ USB Debugging ကို On ထားပေးပါ...

RootkitXperia_20140719.zip နဲ့ Kernels.zip ကို ဒေါင်းယူပြီး Desktop ပေါ်မှာ Zip ဖြည်ထားပါ..။
Kernels.zip ဖိုလ်ဒါထဲမှ ftf ဖိုင်လ် နှစ်ခု စလုံးကို Copy ကူးပြီး C: > Flashtool > firmwares သို့ ကူးထည့်ပါ..

ဖုန်းကို Power ပိတ်ပါ..
C: > Flashtool > Flashtool64 ကို Run ပါ...
(ပုံ-၁)

Root ဖေါက်နိုင်ဖို့ အတွက် Kernel 18.1.a.1.14 ကို အရင်ဆုံး Flash ပေးရပါမယ်...
အောက်ပါ ပုံများမှ နံပါတ် အစဉ်အတိုင်း နှိပ်သွားပါ..
(ပုံ-၂)

(ပုံ-၃)

(ပုံ-၄)

အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုလျှင်..
Power ပိတ်ထားတဲ့ ဖုန်းမှ Vol Down ခလုတ် ကို နှိပ်ထားလျှက် USB ကြိုးနှင့် ကွန်ပျူတာကို ချိတ်ဆက် ပေးလိုက်ပါ..
ပြီးအောင် ခဏစောင့်ပါ.....
ပြီးလျှင် ဖုန်းကို Power ပြန်ဖွင့်ပေး လိုက်ပါ...
ဖုန်းပြန်ပွင့်လာတဲ့ အခါ...
Display မှာ ဘာမှမမြင်တွေ့ ရပဲ (အမည်းရောင်နှင့်) ဖြစ်နေ ပါလိမ့်မယ်...(စိတ် မပူပါနှင့်)
ဖုန်းမှာ ဘာမှ မမြင်တွေ့ရပေမဲ့ ဖုန်းက အလုပ် လုပ်နေပါတယ်...
ခဏနေလို့ ဖုန်းနှင့် ကွန်ပျူတာ သိသွားပြီဆိုလျှင် Desktop ပေါ်က RootkitXperia > install ကို Run ပြီး Root ဖေါက်ပေးလိုက်ပါ.... သူ့ ဖာသာသူ အလုပ် လုပ်နေပါလိမ့်မယ်.... ပြီးတဲ့ အထိစောင့်ပါ..။
ပြီးလျှင်...
Display မှာ ဘာမှ မမြင်တွေ့ ရတဲ့ ဖုန်းကို Shutdown ချပေး ရပါမယ်....
Shutdown ချပေးဖို့ အတွက် ကတော့....
Power ခလုတ် နှင့် Vol+ ကို တစ်ပြိုင်ထဲ တွဲနှိပ်ထားပါ... Vibrate (၃) ကြိမ် ဆက်တိုက် တုန်ခါသွားပြီဆိုလျှင် Shutdown ကျသွားပါပြီ...
ဖုန်းကို ပုံမှန် ပြန်ဖြစ်ဖို့ အတွက် ....
အပေါ်က Kernel 18.1.a.1.14 ကို Flash သည့် နည်းအတိုင်း Kernel 18.1.a.2.25 ကို ပြန် Flash ပေးရ ပါမယ်...
Vol Down ခလုတ် ကို နှိပ်ထားလျှက် USB ကြိုးနှင့် ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ...
(ပုံ-၁)....
(ပုံ-၂) ....
(ပုံ-၃) မှာ 18.1.a.2.25 ကို သေချာအောင် ရွေးပေးပါ...

(ပုံ-၄)....
ပြီးသွားလျှင် ဖုန်းကို USB ကြိုးမှ ဖြုတ်ပြီး Power ပြန်ဖွင့် လိုက်ပါ..
အောက်ကပုံ အတိုင်း SuperSU လေးနဲ့ ဆို Root ပေါက်သွားပါပြီ...

မြန်မာစာအတွက် MMSD Sony Zawgyi.apk နှင့် အလွယ်တကူထည့်သွင်းပေးနိုင်ပါတယ်..။

စာရေးဖို့ ကီးဘုတ်ကိုတော့ Bagan Keyboard.apk ကို ဒေါင်းယူ ထည့်သွင်းပေးနိုင်ပါတယ်..။
No comments:
Post a Comment