
ယခုအခါ၊ Huawei P9 စမတ်ဖုန်းကို အရှေ့နဲ့အနောက်က ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ အင်တာနက်စာမျက်နှာ တွေပေါ်မှာ ပျံ့နှံ့နေပြီး၊ ဓာတ်ပုံတွေအရတော့ P9 စမတ်ဖုန်းဟာ ကျောဘက်မှာ ကင်မရာနှစ်လုံးပါဝင်လာဖွယ် ရှိပြီး၊ P9 ၊ P9 Lite ၊ P9 Max နဲ့ ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ P9 ဗားရှင်းဆိုပြီး P9 ကို လေးမျိုးဖြန့်ချိသွားဖွယ် ရှိပါတယ်။
Huawei ကုမ္ပဏီဟာ မတ်လ ၉ရက်နေ့ပွဲအတွက် ဖိတ်ကြားစာဓာတ်ပုံမှာလည်း ဖန်ခွက်ထဲကို ဘီယာပုလင်း ငှဲ့ထည့်နေတဲ့ဓာတ်ပုံနဲ့ ‘Beer’ ဆိုတဲ့စာတစ်ခုသာ ပါရှိပြီး၊ ကျန်တဲ့အချက်အလက်တွေကို ဖော်ပြမထားတာ ကြောင့်၊ ဒီ P9 စမတ်ဖုန်းဟာ ဘယ်လိုထူးခြားမှုတွေနဲ့ ထွက်ရှိလာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
အတည်မပြုရသေးတဲ့ကောဟဟာလသတင်းတွေအရတော့၊ Huawei ကုမ္ပဏီရဲ့ အဓိကစမတ်ဖုန်းဖြစ်တဲ့ P9 စမတ်ဖုန်းဟာ အရင် P စီးရီးဖုန်းတွေထက် မျက်နှာပြင်ပိုကြီးလာမယ်လို့ သိရပြီး၊ RAM နဲ့ storage လည်း ပိုများလာမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ P9 စမတ်ဖုန်းမှာ၊ ကျောကင်မရာနှစ်ခုအပြင်၊ ကုမ္ပဏီထုတ် Kirin 950 ပရိုဆက်ဆာကို သုံးသွားမှာဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
No comments:
Post a Comment