♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

Instagram ကို ယှဉ်ပြိုင်နိုင်မည့် အာရှထိပ်တန်း photo app (၁၆) မျိုး


Facebook က Instagram ကို ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် photo app များမှာ startup ကုမ္ပဏီများ၏ စိတ်အဝင်စားဆုံး နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။ လက်ရှိတွင် Instagram ကို လစဉ်သုံးစွဲသူ သန်း ၄၀၀ ခန့်ရှိသော်လည်း ၎င်းကို အသုံးမပြုသေးသည့် စမတ်ဖုန်းသန်းပေါင်းများစွာ ရှိနေသေးသည်။ ထို့အတွက်ကြောင့် Instagram နှင့်ယှဉ်ပြိုင်နိုင်မည့် အာရှ၏ ထိပ်တန်း photo app များကို နိုင်ငံများနှင့်အတူ စုစည်းဖော်ပြ လိုက်ပါသည်။
Camera360 (China)
iOS, Android
နာမည်ကျော် app များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် သုံးစွဲသူ သန်း ၂၅၀ ပြည့်ခဲ့ပြီး ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ သုံးစွဲသူ သန်း ၅၀၀ ခန့်ပိုင်ဆိုင်ထားသည်။ သုံးစွဲသူများက ဓာတ်ပုံများကို စတစ်ကာများဖြင့် အလှဆင်နိုင်သလို ဓာတ်ပုံများပြင်ဆင်ခြင်းနှင့် cloud တွင် သိမ်းဆည်းခြင်းအပြင် ဓာတ်ပုံများနှင့် puzzle pattern များ ဖန်တီးခြင်းတို့ ပြုလုပ်နိုင်သည်။
PaPa (China)
iOS, Android
သုံးစွဲသူများက ၎င်းတို့၏ဓာတ်ပုံများတွင် အသံများထည့်သွင်းစေနိုင်မည့် app ဖြစ်သည်။ ဂျပန်၏ Voicepic ကလည်း အလားတူ လုပ်ဆောင်နိုင်သည်။
Photo Wonder (China)
iOS, Android
တရုတ်နိုင်ငံ၏ search ကုမ္ပဏီကြီးဖြစ်သော Baidu က ဝယ်ယူခဲ့သည့် Photo Wonder သည် သုံးစွဲသူများက ဓာတ်ပုံမရိုက်မီ နှစ်သက်ရာ filter များကိုရွေးချယ်ကာ ရိုက်ကူးစေနိုင်သည်။ ထို့အပြင် edit နှင့် collage feature များပါဝင်ပြီး စတစ်ကာများနှင့် ဓာတ်ပုံဘောင်များကိုလည်း download ပြုလုပ်ခွင့်ပေးထားသည်။
PIP Camera (China)
iOS, Android

အဆိုပါ photo app သည် သာမန် photo app များမှ ခွဲထွက်ကာဖန်တီးထားသောကြောင့် ပုံမှန် filter များကိုတွေ့မြင်ရမည်မဟုတ်ပေ။ PIP Camera ကို ဖန်ခွက်များ၊ ထီးများနှင့် ကွန်ပျူတာဖန်သားပြင်များကဲ့သို့ မတူညီသောအရာများတွင် ဓာတ်ပုံများ ထည့်သွင်းစေနိုင်ရန် ရည်ရွယ်ဖန်တီးထားသည်။
Cameran (Japan)
iOS, Android
Cameran ကိုသုံးစွဲသူများသည် ဓာတ်ပုံတွင် အလှဆင်မှုများကို random ပြုလုပ်နိုင်သည်။ Flower decoration filter ကို အကြိမ်များစွာနှိပ်လိုက်သည့်အခါ မတူညီသော ပန်းများဖြင့် စီစဉ်တကျဖော်ပြပေးသည်ကို တွေ့ရမည်ဖြစ်သည်။
DecoAlbum (Japan)
iOS, Android
အမျိုးသမီးများအတွက် ရည်ရွယ်ဖန်တီးထားသည့် DecoAlbum app ကိုသုံးစွဲသူများသည် ဓာတ်ပုံများကို စာသားများ၊ နောက်ခံများ၊ လှပသည့် စတစ်ကာများ စသည်တို့ဖြင့် ဖန်တီးနိုင်သည်။ ထို့အပြင် ဓာတ်ပုံများကို အယ်လ်ဘမ်များတွင် စုစည်းထားနိုင်သည်။
Decopic (Japan)
iOS, Android
Decopicသည် ဓာတ်ပုံများကို စိတ်ကြိုက်အလှဆင်စေနိုင်မည့် app ဖြစ်သည်။ အသည်းပုံများ၊ ကြယ်ပုံများအပါအဝင် အရွယ်အစားချိန်ညှိနိုင်သော အလှဆင်မှုများစွာကို ဓာတ်ပုံတွင် ထည့်သွင်းနိုင်သည်။ Decopic ၏ iOS နှင့် Android စာမျက်နှာတွင် ကုမ္ပဏီ၏ အထွေထွေလိုအပ်ချက်များနှင့် မကိုက်ညီသည့်အတွက် ၎င်း app ကို ရပ်ဆိုင်းမည်ဟု Yahoo! Japan က ပြောကြားထားသည်။ Deco Shop အတွက် အထောက်အပံ့ကို မတ်လ ၃၁ ရက်တွင် ရပ်ဆိုင်းမည်ဖြစ်ပြီး app ကိုမူ ၂၀၁၆ နှစ်ကုန်ပိုင်းမှစတင်ကာ အသုံးပြုနိုင်မည် မဟုတ်ပေ။
Line Camera (Japan)
iOS, Android

Line မှဖြန့်ချိထားသည့် camera app တွင် stamp ပေါင်း ၅,၀၀၀ ကျော်နှင့် frame ပေါင်း ၁၀၀ ကျော်ပါဝင်ပြီး မတူညီသော filter ၃၀ ကျော်၊ brush ၂၀၀ ကျော်တို့ဖြင့် အသုံးပြုနိုင်သည်။
Manga-Camera (Japan)
iOS, Android
Manga-Camera app သည် သုံးစွဲသူ၏ ဓာတ်ပုံများကို ကာတွန်းအဖြစ် ပြောင်းလဲပေးနိုင်သည်။ ထို့အပြင် ဂျပန်ဘာသာဖြင့်ရေးသားထားသော စာသားများဖြင့် ဓာတ်ပုံကို အလှဆင်နိုင်သည်။
Million Moments (Japan)
iOS, Android
Sony က ထုတ်လုပ်ထားသည့် Million Moments သည် ဓာတ်ပုံကြည့်ရှုခြင်းကို အသားပေးသည့် app ဖြစ်သည်။ ထို့အပြင် အသေးစား slideshow များကို ဖန်တီးကာ သူငယ်ချင်းများနှင့်အတူ ကြည့်ရှုနိုင်သည်။
Snapdish (Japan)
iOS, Android
ဓာတ်ပုံများအတွက် နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့် app မှာ Snapdish ဖြစ်သည်။ အစားအသောက်ဓာတ်ပုံ ရိုက်ကူးခြင်းကို နှစ်သက်သူများအတွက် အသင့်တော်ဆုံး app ဖြစ်သည်။
Cymera (South Korea)
iOS, Android

Cymera photo editor app သည် အနည်းငယ်ရှုပ်ထွေးသော်လည်း ဓာတ်ပုံပြင်ဆင်တည်းဖြတ်ခြင်းကို option များစွာဖြင့် ပြုလုပ်နိုင်သည်။ ပြင်ဆင်လိုသည့် ဓာတ်ပုံကို click အနည်းငယ်နှင့် touch အနည်းငယ်ဖြင့် ပြုလုပ်ရသော်လည်း ရလဒ်အလွန်ကောင်းသည့် ဓာတ်ပုံများကို ရရှိစေနိုင်သည်။
PixaRoll (Singapore)
iOS, Android
KeepShot နှင့် သဘောတရားဆင်တူသည့် PixaRoll သည် ရိုက်ကူးထားသည့် ဓာတ်ပုံကို Magnet များ၊ Poster များ၊ ChopBlock များ၊ Sticker များ၊ Frame များ၊ Card များစသည်ဖြင့် ပြောင်းလဲဖန်တီးကာ အခြားနိုင်ငံများရှိ သုံးစွဲသူများထံ တင်ပို့ရောင်းချပေးသည့် app ဖြစ်သည်။
Fuzel Collage (Vietnam)
iOS, Android
Not A Basement Studio မှ ဖန်တီးထားသော Fuzel Collage app သည် ဓာတ်ပုံများကို collage pattern များတွင် ရွေးချယ်ထည့်သွင်းပြီး လူမှုရေးကွန်ရက်များတွင် တိုက်ရိုက်ဝေမျှပေးနိုင်သည်။
PicMix (Indonesia)
Android, Blackberry, Windows
အင်ဒိုနီးရှား၏ PicMix သည်လည်း feature အများအပြားပါဝင်သော အမိုက်စား app တစ်ခုဖြစ်သည်။ ဓာတ်ပုံများကို caption များ၊ filter များ၊ frame များဖြင့် ပြင်ဆင်နိုင်သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် PicMix ကို အသုံးပြုသူ ၈ သန်းအထိရှိခဲ့ပြီး ဓာတ်ပုံတင်သည့်အရေအတွက် ၁၀၈ သန်းကျော်ရှိခဲ့သည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ အသုံးပြုသူ ၂၅ သန်း ပိုင်ဆိုင်ထားသည်။
MeituPic (China)
Android, iOS
သုံးစွဲသူ သန်း ၃၀၀ ခန့်ရှိသည့် MeituPic app သည် နာမည်ကျော် photo editor app တစ်ခုဖြစ်သည်။ ထို့အပြင် ဓာတ်ပုံများကို frame များအတွင်း ထည့်သွင်းနိုင်သလို collage များဖြင့်လည်း ဖန်တီးနိုင်သည်။ ဓာတ်ပုံများပေါ်တွင် ရေစာများထည့်သွင်းနိုင်သည့် feature ကိုလည်း ထောက်ပံ့ပေးထားသည်။

No comments:

Post a Comment