မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ရေထဲကျသွားလို့ ဖြစ်တာ ကြာပါပြီ။ အခု ပါဝါပါမလာတော့ပါဘူးဗျာ။ အကြံပေးပါဦး။
ဖြေ - ပထမဦးစွာ ဖုန်းတစ်လုံးရေ၀င်ခဲ့ပြီဆိုရင် ရေ၀င်ထားတဲ့ဖုန်း ကို
ဆက်လက်အသုံးမပြုသင့်ပါဘူး။ ရေ၀င်ပြီဆိုတာနဲ့ ချက်ခြင်း Battery
ဖြုတ်ထားသင့်ပါတယ်။ တစ်ချို့ဖုန်းတွေ ရေ၀င်ထားသော် လည်း
အသုံးပြုလို့ရနေသေးပါတယ်။ ရေ၀င်ထားတဲ့ဖုန်းကို ဆက် လက်အသုံးပြုနေရင်း
ပါဝါသေသွားမယ်ဆိုရင် ပိုပြီး ပြင်ရခက်ပါ တယ်။ ဒါကြောင့်
ဖုန်းတစ်လုံးရေ၀င်ပြီဆိုတာနဲ့ ပါဝါမဖွင့်ပါနဲ့တော့။
ဘက်ထရီချက်ချင်းဖြုတ်ပြီး နီးစပ်ရာမိုဘိုင်းဆိုင်ကို သွားပြသင့်ပါ တယ်။
မေး - အစ်ကို ကျွန်တော့်ဖုန်းက G730-C00 ပါ။ ဖုန်းကစသုံးနေရင်းနဲ့ အရမ်းပူတယ်။ အားလည်းအရမ်းစားတယ်။ ဘယ်လို လုပ်ရမလဲဗျ။
ဖြေ - ဟုတ်ကဲ့ဗျ။ အဲ့ဒါက အားစားနေတဲ့ Errorပါ။ ကြာရှည်သုံး
လိုတော့မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြာလာရင် Wi-Fi မရတာ၊ Bluetooth
မရတာတွေ နောက်ဆုံးအဆင့် ပါဝါသေတဲ့အထိ ဖြစ်နိုင်တယ်။ အမြန်ဆုံးကျွမ်းကျင်တဲ့
Service ဆိုင်ကို ပြကြည့်ပါ။
မေး - အစ်ကိုရေ မင်္ဂလာပါခင်ဗျာ။
Xiaomi Smartphone အ ကြောင်းနည်းနည်းလောက်မေးချင်လို့ပါ။ ကျွန်တော် Xiaomi
ဖုန်း ၀ယ်မလို့ပါ။ ခက်တာက Xiaomi ဖုန်းတွေကို Model တွေနဲ့ အတု
အစစ်မခွဲတတ်ဘူးဖြစ်နေလို့ပါ။ Xiaomi ဖုန်း Model ကြည့်နည်းနဲ့
အတုအစစ်ခွဲနည်းလေး အဆင်ပြေရင် ကူညီပါခင်ဗျာ။
ဖြေ - Xiaomi ဖုန်းတွေမှာ
အခေါ်အဝေါ် ၃ မျိုးလောက်ရှိပါတယ်။ Customer Name Model နှင့် Nick Name
ဆိုပြီးရှိပါတယ်။ Model ကြည့်ချင် တယ်ဆိုရင်တော့ ဖုန်း၏ imei
နံပါတ်သိဖို့လိုပါတယ်။ imei နံပါတ်ကို Power ဖွင့်လို့ရတဲ့ဖုန်းမှာ *#06#
နှင့်ကြည့်ပါ။ Power ဖွင့်လို့မရရင်တော့ Battery ဖြုတ်ပြီးကြည့်ပါ။ imei
နံပါတ်ရရင် www.imei.info
တွင် စစ်ကြည့် လို့ရပါတယ်။ နောက်တစ်နည်းကတော့ ဖုန်း Power ဖွင့်လို့ရမှ
ကြည့် လို့ရမှာပါ။ အတုအစစ်ခွဲဖို့ပါ။ ဖုန်းခေါ်တဲ့နေရာမှာ *#*#64663#*#*
ကိုနှိပ်လိုက်ပါ။ Xiaomi ဖုန်းတွေမှာ China နဲ့ Global ဆိုပြီး ၂
မျိုးရှိပါ တယ်။ China အလုံးဆိုရင် တရုတ်စာနဲ့ပေါ်လာပြီး Global ဆိုရင်တော့
English စာနဲ့ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဖုန်း၏ Touch, LCD, Speaker ...
စသည်တို့စစ်ကြည့်လို့ရပါတယ်။ အတုဆိုရင်တော့ ဘာမှပေါ်လာ မှာမဟုတ်ပါဘူး။
Xiaomi ဖုန်းတွေဝယ်မယ်ဆိုရင်တော့ Model နဲ့ အတု အစစ်ခွဲခြားတတ်ဖို့
အရေးကြီးပါတယ်။ အားလုံးပဲအဆင်ပြေပါစေ ခင်ဗျာ။
မေး - ကျွန်တော့်ဖုန်းက Huawei G610 ပါ။ ဖုန်းခေါ်ရင် မီးမှိတ် သွားတယ်ဗျ။ ဟိုဘက်ကဖုန်းပြန်ချမှ ပြန်ပွင့်သွားတယ်။ အရင် က မဖြစ်ဘူး။
ဖြေ - အစ်ကိုရေ ဘယ်ကနေစဖြင်တာလဲဗျ။ ရေ၀င်သွားလို့လား။
တစ်ခြားဆိုင်ကပြန်လာမှဖြစ်တာလား။ ပြုတ်ကျသွားလို့လားဗျ။ အဲ့ ဒီ Error က
Sensor ကြောင့်ပါ။ Sensor ကို တစ်ခုခုနဲ့ အုပ်မိနေလျှင် တော့ဖြစ်ပါတယ်။
ဒါမှမဟုတ် ပြုတ်ကျရင်တော့ဖြစ်ပါတယ်။ Sensor ရဲ့အလုပ်က
ပုံရိပ်တွေသူ့အပေါ်ကဖြတ်သွားရင်ပိတ်ပြီး ဖယ်လိုက်
ရင်ပြန်ပွင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ဖုန်းရဲ့အပေါ်ပိုင်းမှာ ပါပါတယ် ဗျ။
ကင်မရာရဲ့ဘေးမှာကပ်လျက်တည်ရှိပါတယ်။ Model နိမ့်ဖုန်းတွေ မှာတော့ မပါပါဘူး။
အခုနောက်ပိုင်းဖုန်းတွေမှာတော့ပါတယ်ဗျ။
မေး - အစ်ကိုရေ
ကျွန်တော့်ဖုန်းလေး Firmware အသစ်တင် လိုက်ပြီး ဆိုင်ကပြန်လာတော့ Setting
ထဲမှာ Hotspot မတွေ့ တော့လို့အစ်ကို။ ကျွန်တော်က ဖုန်းကနေ Hotspot
လွှင့်ပြီး PC နဲ့ပြန်သုံးတာဆိုတော့ အခက်တွေ့နေလို့ပါ။ အဲ့ဒါလေးဖြေ
ရှင်းပေးစေချင်ပါတယ်ခင်ဗျာ။
ဖြေ - iPhone တွေမှာ Firmware
တင်တာဖြစ်ဖြစ်၊ Network Reset ချ တာပဲဖြစ်ဖြစ် Setting ထဲမှာ Hotspot
ပျောက်သွားတတ်ပါတယ်။ ဒါက တော့ မည်သည့် iPhone မဆို
အသစ်ဝယ်တိုင်းကြုံတွေ့ရမယ့်အရာ တစ်ခုပါ။ iPhone ထဲမှာ Hotspot
လွှင့်လို့ရဖို့ဆိုရင် အောက်ပါအတိုင်း ပြုလုပ်ပေးပါ။ Setting > Cellular
> Cellular Data Network > Personal Hotspot ထဲက APN မှာ MPT အတွက်
mptnet လို့ရိုက်ထည့်ပေးပါ။ Ooredoo နဲ့ Telenor အတွက် Internet
လို့ရိုက်ထည့်ပေးလိုက်ပါခင်ဗျာ။ အဲ့လိုရိုက် ထည့်ပြီး Setting
ကိုနောက်တစ်ကြိမ်ထပ်ဝင်လိုက်ရင် Hotspot ကိုမြင် ရပါပြီခင်ဗျာ။
♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫
ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...
-
33MB မျှသာရှိတဲ့ ရှိတဲ့ Microsoft Office 2003 PRO ပါ... Window 10 အထိ အသုံးပြုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး အသုံးပြုလိုသူများနှင့် စ...
-
အခုတလော စမတ်ဖုန်းကိုင်သူတွေကြားမှာ ရေပန်းစားနေတဲ့စကားလုံးကတော့ ‘wireless charging’ ‘ကြိုးမဲ့ အားသွင်းစနစ်’ ပဲ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွ...
-
Android OS နှင့် Tablet ကိုင်ဆောင်ထားသော သူငယ်ချင်းတွေအတွက် မိမိ ဖုန်းထဲ့မှာပင် ကာလာအိုကေ သီချင်းဆိုနိုင်မယ့် Smule 3.4.9 Apk လေးကု...
-
ဘောလုံးဝါသနာရှင်များအတွက် PES 2017 ဘောလုံးဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဘောလုံးဂိမ်း ဆိုတော့လည်း ထွေထွေထူးထူးရှင်းပြနေဖို့တော့ မလို...
-
i-Phone အတုအစစ် ဘယ်လိုခွဲမလဲ သိချင်သောသူများအတွက် အခုတလော Iphone တွေကိုလိမ်ပြီးရောင်းနေတယ်ဆိုတဲ့ သတင်းက တော်တော်ဆိုးရွားစွာ ကြားနေကြ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment