
RAM
ပမာဏကြီးမားသောစမတ်ဖုန်းများတွင်အဓိကအားဖြင့် ဘက်ထရီသက်တမ်းနှင့်
အားအမြန် ကုန်ခြင်း ပြသနာမျိုးရှိလာနိုင်သည်။ထို့ကြောင့် Apple ထုတ် iPhone
များတွင်RAM ပမာဏ ကိုနည်းနိုင်သမျှနည်းအောင်ထုတ်လုပ်လေ့ရှိပြီး
နောက်ဆုံးထွက်ရှိထားသည့် iPhone 6S & 6S Plus တို့တွင်RAM 2GB
သာပါရှိသည်။RAM ၏သဘောတရားမှာ ကားတစ်စီး၏အင်ဂျင်နှင့်အလားသဏ္ဌန်တူပြီး
အင်ဂျင်ပါဝါကြီးလာလေ ဆီစားများလေဖြစ်သည်။ယနေ့ Vivo မှမိတ်ဆက်သော Xplay 5
သည် မျက်နှာပြင်အကျယ် 5.43 inch ရှိပြီး curved display အမျိုးအစားဖြစ်ကာ
မျက်နှာပြင်ပိုင်းသည် Samsung Galaxy S6 Edge နှင့်ဆင်တူသည်။
ထို့ပြင်ကျောဘက်ပိုင်းသည် iPhone 6 series နှင့်သဏ္ဌန်တူပြီး Fully Metal
အမျိုးအစားဖြစ်သည်။ မျက်နှာပြင်အရည်အသွေးမှာ 1440×2560 (541 ppi) 2K
ဖြစ်တာကြောင့် Display နှင့် Resolution
အပိုင်းမှာအတော်ကောင်းမွန်ပြီးထိပ်တန်းအဆင့်စမတ်ဖုန်းတစ်လုံးဖြစ်သည်။

ပရိုဆက်ဆာနှင့်
RAM အပိုင်းကိုနှစ်မျိုးခွဲခြားထုတ်လုပ်ထားသည်။ Qualcomm ထုတ် Snapdragon
652 ကို 4GB RAM ,Snapdragon 820 ကို 6GB RAM
ဟုနှစ်မျိုးခွဲခြားထုတ်လုပ်ထားသည်။ Memory 128 GB ပါရှိကြပြီး MicroSD
ထပ်တိုးအသုံးမပြုနိုင်ပါ။ Sony IMX 298 model အမျိုးအစားကင်မရာ 16 MP
ကိုပင်မရာအဖြစ်အသုံးပြုထားပြီး မျက်နှာပြင်ကင်မရာ ကလည်း 8MP
ဖြစ်တာကြောင့် ဓာတ်ပုံတွေရဲ့အရည်အသွေးကိုအမြှင့်ဆုံးဆွဲတင်ပေးနိုင်ဖို့ဖန်တီးထားပါတယ်။ကျောဘက်မှာ
Fingerprint scanner လက်ဗွေ လုံခြုံရေး စနစ်ပါရှိသည်။ HIFI 3.0 အသံစနစ်နဲ့
Audio ပိုင်းကိုအကောင်းဆုံးဖြစ်စေရန်ဖန်တီးပေးထားသည်။

ဘက်ထရီကို 3600mAh
ဘက်ထရီတပ်ဆင်ထားသည်။ snapdragon version တွင် Quick Charge 3.0
ဖြင့်အားအမြန်သွင်းစနစ်ပါဝင်တာကြောင့် RAM ပမာဏမြင့်မားခြင်းကြောင့် ဘက်ထရီ
ကုန်မြန်ခြင်း
ကိုပြန်လည်ထိန်းကွပ်ပေးနိုင်အောင်စီမံထားတာကိုတွေရမှာဖြစ်ပါတယ်။တရုတ်နိုင်ငံမှာကြေငြာခဲ့တဲ့ဈေးနူန်းတွေကတော့
4GB =yuan 3698(us$ 564) နှင့် 6GB = yuan 4288(us$ 654) တို့ဖြစ်ကြပါတယ်။

Credit to ==> Phone News Up To Date
No comments:
Post a Comment