♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

♪ iOS နဲ့ Android အတွက် Google ရဲ့ PhotoScan App အသစ် ♫

အရင်ကရိုက်ကူးထားတဲ့ ဓာတ်ပုံအဟောင်းတွေကို digitalize ပြန်လုပ်ချင်သူများအတွက် အကောင်းမွန်ဆုံး App တစ်ခုကို Google က မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ App လေးကို PhotoScan လို့နာမည်ပေးထား ပြီး Scanner အစစ်တစ်လုံးနဲ့ scan ဖတ်လို့ ရရှိလာတဲ့ အရည်အသွေးမျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

အရင်က အမှတ်တရအဖြစ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားနိုင် ပါတယ်။ Digital ခေတ်ရောက်လာတဲ့အခါ scanner တွေကိုအသုံးပြုပြီး ဓာတ်ပုံတွေကို ထိန်းသိမ်းလာနိုင်ပေမယ့် လူတိုင်းမှာ scanner မရှိတဲ့အတွက် အချို့သူတွေဆိုရင် ဓာတ်ပုံကို ဓာတ်ပုံပြန်ရိုက်ပြီး သိမ်းကြတာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ အဆင်မပြေပါဘူး။ ဓာတ်ပုံကို ဓာတ်ပုံပြန်ရိုက်တဲ့အခါ အလင်းပြန်တာတွေ နဲ့ ဝါးတားတားဖြစ်တာတွေရှိ နိုင်တဲ့အတွက် scanner နဲ့ scan ဖတ်တာက အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ap_resize

မိုးဘိုင်းခေတ်ရောက်လာတဲ့အခါ scanner app တွေအမြောက်အများထွက်ရှိလာတဲ့ အတွက် scanner ဝယ်ယူစရာမလိုတော့ဘဲ မိုဘိုင်းဖုန်းနဲ့တင် စာရွက်တွေနဲ့ ဓာတ်ပုံတွေကို scan ဖတ်လို့ရလာပါတယ်။ Google Play Store နဲ့ Apple App Store ပေါ်က အခကြေးငွေနဲ့ ဝယ်ယူ ရတဲ့ scanner app တွေဟာ အသုံးပြုရတာအဆင်ပြေပေမယ့် အခမဲ့ရနိုင်တဲ့ scanner app တွေကတော့ စာရွက်စာတန်းတွေကို scan ဖတ်ဖို့သာအဆင်ပြေတာတွေ့ရပါတယ်။ iOS အတွက်ဆို ပိုဆိုးပါတယ်။ အနည်းဆုံး (၅) ဒေါ်လာလောက်သုံးနိုင်မှ scanner app ကောင်းကောင်းကို ဝယ်လို့ရတာဖြစ်ပါတယ်။

အခု Google က အသစ်မိတ်ဆက်လိုက်တဲ့ PhotoScan App ကတော့ အခမဲ့ဖြစ်တဲ့အပြင် အရည်အသွေးကလည်း အထူးကောင်းမွန်ပါတယ်။ ဓာတ်ပုံရဲ့ ထောင့် (၄) ထောင့်လုံးကို သေချာ အသေးစိတ် scan ဖတ်ပြီး အကောင်းမွန်ဆုံးအရည်အသွေးကို ထုတ်ပေးတာဖြစ်တဲ့ အတွက် စိတ်ကျေနပ်စရာ ကောင်းပါတယ်။ iOS User တွေအနေနဲ့ App Store ပေါ်မှာ အလွယ်တကူရှာဖွေ ရယူနိုင်ပြီး Android User တွေကတော့ အောက်က Link မှာ Download ရယူနိုင်ပါတယ်။

Download PhotoScan On Google Play Here

No comments:

Post a Comment