♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫
ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...
♪ iPhone မလုပ်နိုင်တဲ့ Galaxy Note 7 မှာသာ လုပ်နိုင်သည့်အရာ ၁၃ ခု ♫
Samsung ရဲ့ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်သည့် Galaxy Note 7 နဲ့ ပတ်သတ်တဲ့ သုံးသပ်ချက် reviews အပြည့်အစုံကို ဖော်ပြထားပြီးပြီဆိုပေမယ့် iPhone မှာ မတွေ့ ရတဲ့ Note 7 ရဲ့ သီးသန့် features တစ်ချို့ ကို အလေးပေးဖော်ပြဖို့ ရှိပါတယ်။
(၁) ဖုန်းကို ဖွင့်ဖို့ iris scanner ပါရှိထားပါတယ်။
       (၂) Note 7 ဟာ iPhone 6s Plus ထက် ပိုမိုကြီးမားတဲ့ မျက်နှာပြင် တစ်ခုပါပေမယ့် ဖုန်းရဲ့အရွယ်အစား ကတော့ ပိုငယ်ပြီး အိတ်ကပ်ထဲ ထည့်လို့ ရသလို ကိုင်ရတာလည်း ပိုပြီး လွယ်ကူပါတယ်။
 (၃) S Pen ကိုသုံးပြီး ကိုယ့်ဖုန်း screen ကို ရေးခြစ်လို့ ရနိုင်ပါတယ်။
 (၄) ရေအောက်ပေအနည်းငယ်မှာ နာရီဝက်အထိ မပျက်မစီး ထားလို့ ရနိုင်ပါတယ်။  ရေအောက်မှာတောင် S Pen ကို သုံးလို့ ရနိုင်ပါတယ်။
(၆) Samsung ရဲ့ ဝိုင်ယာပလပ် နဲ့ ပဲ ဖြစ်ဖြစ် wireless charger ကိုသုံးလို့ ပဲဖြစ်ဖြစ် အမြန်အားသွင်းလို့  ရနိုင်ပါတယ်။
 (၇) ဖုန်းရဲ့ကျောဘက်မှာ နှလုံးခုန်နှုန်းတိုင်း sensor တစ်ခု ပါရှိပါတယ်။
(၈) ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ပုံများ ၊ ဖိုင်များနဲ့ ကိုယ့် အက်ပ်ရဲ့ သီးသန့်  ဗားရှင်းတွေကို သိမ်းထားလို့  ရတဲ့ လျှို့ ဝှက် folder တစ်ခုပါတယ်။ အဲဒီ folder ကို ကိုယ့်ရဲ့ iris scanner (သို့ မဟုတ် passcode တစ်ခုခုနဲ့ ) သုံးပြီး ဖွင့်လို့ ရပါတယ်။
(၉) video clips တွေကနေ GIFs တွေကို အလွယ်တကူ လုပ်နိုင်ပါတယ်။
(၁၀) နားကြပ်ပင်ပေါက်တစ်ခု ပါပါတယ်။ လက်ရှိ iPhones တွေမှာ နားကြပ်ပေါက်တစ်ခုစီ ပါပေမယ့် နောက်လထဲ ထွက်မယ့် iPhone 7 မှာတော့ နားကြပ်ပေါက်ပါမှာ မဟုတ်ပါဘူး။
(၁၁) Samsung ရဲ့ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ Oculus ကျေးဇူးကြောင့် ဒီဖုန်းမှာ Virtual – reality content ရဲ့ library တစ်ခုလည်း ပါရှိပါတယ်။ Gear VR နားကြပ်သီးသန့် ကိုလည်း ၉၉ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါ တယ်။
(၁၂) SD card နဲ့ storage ကို 256 GB အထိ ထပ်ထည့်နိုင်ပါတယ်။ ကာလအကန့် အသတ်နဲ့ Note 7 ကို ဝယ်ယူတဲ့အခါ Samsung ဟာ 256 GB ပါ SD card တစ်ခုလည်း free ပေးသွားမှာပါ။
(၁၃) Note 7 မှာ စမတ်ဖုန်းတစ်လုံးမှာ တပ်ဆင်ပါရှိတဲ့ အကောင်းဆုံး ကင်မရာလည်း ပါဝင်ပါတယ်။ ဒီကင်မရာဟာ iPhone ထက် ပိုကောင်းတဲ့ ဓါတ်ပုံတွေ ရိုက်ကူးလို့ ရနိုင်ပါတယ်။
Credit to ==> Wai Lin Aung (Myanmar Mobile App)
No comments:
Post a Comment