Samsung Galaxy A8 Lolipop 5.1.1 ကို Root ပြုလုပ်နည်းကိုတောင်းဆိုထားလို့ အားလုံးအတွက် တင်ပေးလိုက်ပါတယ်ခင်မျာ....
Samsung Galaxy A8 ရဲ့ Model တွေဖြစ်တဲ့ SM-A800F , A8000 , A800I စ,တဲ့ မော်ဒယ်လ်တွေအတွက်ပါ...။
(ဘာမှ မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွ အားလုံးကို Backup လုပ်ထားပါ)
Email (Gmail) ကို Singout လုပ်ပါ...
Phone Setting > Developer Option မှ OEM unlocking ကို Enable လုပ်ထားပါ...
Driver လိုပါမယ် Samsung Android USB Driver မရှိသေးရင် ဒီမှာ ဒေါင်းယူ Install လုပ်ပါ...
အောက်မှာ တင်ပေးထားတဲ့ CF Auto Root ဖိုင်လ်ကို မိမိဖုန်း Model အလိုက် မှန်ကန်စွာရွေးချယ် ဒေါင်းယူပြီး CF Auto Root.Zip ဖိုင်လ်ကို Desktop (သို့) နှစ်သက်ရာ တနေရာမှာ ဖြည်လိုက်ပါ..
ဖြည်ထားတဲ့ Folder ထဲမှ Odin3-v3.10.6 ကို Run ပါ...

AP မှတဆင့် စောစောက Folder ထဲမှ CF-Auto-Root-a8elte-a8eltejv-sma800?.tar.md5 ကို ရွေးပေးလိုက်ပါ.. [နံပါတ် (1)]
ဖုန်းကို Power Off (ပိတ်) ပါ...
Volume Down + Home + Power ဆိုတဲ့ ခလုတ် သုံးခုကို တပြိုင်တည်း ၁၀ စက္ကန့်လောက် တွဲနှိပ်လိုက်ပါ...
Download Mode ကို ရောက်သွားပြီဆိုရင် USB ကြိုးမှတဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပေးလိုက်ပါ..

Odin မှ Start ကို နှိပ်ပေးလိုက်ပါ... ခဏနေရင် အလိုလျှောက် Restart ကျပြီး ဖုန်းပြန်တတ်လာရင် Root ဖေါက်တာ အောင်မြင်သွားပါပြီ...။ [နံပါတ် (2)]

(Or)
အဆင်ပြေပါစေ
No comments:
Post a Comment