အွန်လိုင်းကနေတစ်ဆင့် ဆင်းမ်ကက်တွေကို မှတ်ပုံတင်နိုင်ပြီလို့ Ooredoo က
ကြေညာခဲ့ပါတယ်။ *666# ကို ပထမဦးဆုံး ခေါ်ဆိုပြီး မှတ်ပုံတင်ထားခြင်းရှိ၊
မရှိကို စစ်ဆေးရမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိတဲ့
ဆင်းမ်ကတ်တွေဆိုရင်တော့ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်တဲ့ လင့်ခ်တစ်ခုကို
Ooredoo က ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလင့်ခ်ထဲကို ဝင်ရောက်ပြီးရင်တော့ စည်းကမ်းချက်တွေအတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဓာတ်ပုံဖိုင်အနေနဲ့ ပူးတွဲပေးပို့လျှောက် ထားရမှာပါ။ ဒီလိုမျိုးအွန်လိုင်းကနေ မှတ်ပုံတင်တဲ့လူတွေကိုလည်း Ooredoo က ဆုလက်ဆောင်တွေ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

Credit to ==> Internet Journal
No comments:
Post a Comment