♪ ကွန်ပြူတာထဲကမိမိအချက်အလက်တွေကိုလုံခြုံစေဖို့ - Gilisoft File Lock Pro v11.2.0 + Keygen ♫

ဒီကောင်လေးကတော့ File,folder,and drives တွေကိုလုံခြုံရေးအတွက် lock and hide လုပ်ပေးနိုင်တဲ့ ဆော့စ်ဝဲဖြစ်ပါတယ်။ HDD drive နှင့် USB driv...

ပင်လယ်ဓါးပြ ဂိမ်းကောင်းလေး - Heroes of the Seven Seas VR v1.0.0 Apk

apk download
                             
                          Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw

တစ်ခြား Browser တွေထက် Speed UP %100% ပိုမြန်တဲ့ -UC Browser - Fast Download v11.0.0.828 build 300 APK

Android ဖုန်းအသုံးပြုသူတွေအတွက် ခန်မြန်မြန် Browser သုံးကြမယ်ဆိုရင် ဒီကောင်းလေးကတော့ 100% အပြည့် မြန်ဆန်တာတွေရပါတယ်။ တခြားသော Browser ထက်ကောင်းတာကိုတွေရပါတယ်။လိုင်းကမကောင်း စောင့်ရထာ စိတ်တိုတတ်တဲ့ ဘော်ဒါတွေအတွက် ဒီ apk လေးကကောင်းပါတယ်။ နောက်ပြီး စိတ်ရှည်ရှည်လည်းမစောင့်ရတော့ဘူးဗျာ။ဒီဆော့ဝဲရဲ့ တကယ့် excellent ဖြစ်တာကတော့ မြန်မြန်ဆန်ဆန် Searching, Browsing, Downloading, Video, Gaming, Shopping and Social Sharing စတာတွေကို  fastest speeds! ကောင်းကောင်းထောက်ပံ့ပေးထားပါတယ်။ စိတ်သာချပါ တကယ့်အသုံးတည့်ပြီး ဆောင်ထားသင့်တဲ့ All in One Browser တစ်ခုပါ။ ဖိုင်ဆိုဒ်က 16.2Mb ရှိပြီး Android Os ဖုန်းအားလုံးမှာ သုံးနိုင်ပါတယ်။



Download Here 

♪ အွန်လိုင်းမှ ဆင်းမ်ကတ်မှတ်ပုံတင်နိုင် ♫

အွန်လိုင်းကနေတစ်ဆင့် ဆင်းမ်ကက်တွေကို မှတ်ပုံတင်နိုင်ပြီလို့ Ooredoo က ကြေညာခဲ့ပါတယ်။ *666# ကို ပထမဦးဆုံး ခေါ်ဆိုပြီး မှတ်ပုံတင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးရမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆင်းမ်ကတ်တွေဆိုရင်တော့ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်တဲ့ လင့်ခ်တစ်ခုကို Ooredoo က ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလင့်ခ်ထဲကို ဝင်ရောက်ပြီးရင်တော့ စည်းကမ်းချက်တွေအတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဓာတ်ပုံဖိုင်အနေနဲ့ ပူးတွဲပေးပို့လျှောက် ထားရမှာပါ။ ဒီလိုမျိုးအွန်လိုင်းကနေ မှတ်ပုံတင်တဲ့လူတွေကိုလည်း Ooredoo က ဆုလက်ဆောင်တွေ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

Credit to ==> Internet Journal

Android Version 5.0 , 5.1.1 ဖုန်းတွေ မြန်မာစာမှန်စေဖို့

Android Version 5.0 to 5.1.1 ဖုန်းတွေအတွက် မြန်မာစာမှန်ဖို့ အတွက်ပါ..

File size 802.2kb ပဲရှိပါတယ်။ PC မှာ Install လုပ်ပီသုံးရပါ့မယ် ဖုန်းမှာ RootAccess ရှိရပါ့မယ်..။

 

မိမိကိုယ်တိုင် Ooredoo Sim ကို တရားဝင်မှတ်ပုံတင်နည်း အဆင့်ဆင့်ကို တင်ပြပေးပါ့မယ် သိလို့တတ်လို့တော့မဟုတ်ပါ အမှားများပါခဲ့ရင်ခွင့်လွှတ်ပါ



Download Barcode Scanner


Down လို့ရတဲ့ Apk. လေးမှတဆင့် Ooredoo Activation apkလေးကိုဖွင်လိုက်ကာအောက်ပါပုံအတိုင်းတွေ့ရမည်
အသုံး ပြုသူId နေရာမှာတော့ ကျွန်တောရဲ့Id လေးကိုထည့်ပေးလိုက်ပီ Friတို့အတွက်ကတော့ မိမိတို့နီးစပ်ရာ Ooredoo အရောင်းဆိုင်တွေမှာ မေးလို့ရပါတယ်
-

-

-

ဝယ်ယူသုံးစွဲသူ ကိုနိပ်ပါ

-မြန်မာမှတ်ပုံတင်ကိုMarkလေးပေးပီးအောက်ထောင့်က ပြီးနောက်ကိုနိပ်ပါ

-မိမိမှတ်ပုံတင် အမှတ်ကိုထည့်ပေးပီး ပြီးနောက်ကိုနိပ်ပါ

-နောက်တမျက်နှာ မှာ မိမိမှတ်ပုံတင်ထဲက အမည်ကိုထည့်ပါ

-အီးမေးလ် အခြားဖုန်းနံပတ်နေရာ မှာဘားမှမထည့်ရင်လည်းအဆင်ပြေပါတယ် အောက်မှာ ကျား မ ရွေးပေးပါပီးနောက်

မိမိမွေးရာဇာတိကိုရေးပါ
ဒီနေရာမှာနည်းနည်းအရေးကြီးပါတယ် မိမိရဲ့ Simကဒ် Or မိမိရဲ့ Sim Cardအိမ်အကြီး မှာ ဘားကုဒ်လေးတွေကနေတဆင့် ဖတ်ခိုင်းလို့လဲရပါတယ်
အဲ့ဟာတွေမှမရှိတော့ဘူးဆိုရင်တော့ မိမိsim card မှာပါတဲ့Number လေးတွေကနေတဆင့်ဖြည့်ပေးလို့ရပါတယ် ကဒ်ကနေဖြည့်မယ်ဆိုရင်
အပေါ်ဆုံးမှာ 1001ကိုဖြည့်ပေးပါ
ဒုတိယမှာတော့ မိမိဖုန်းနံတ်ကို အရှေ့ ကသုည ကိုဖြုတ်ပီး ရေးပေးပါ 
အောက်ဆုံးမှာတော့ မိမိတို့ Sim card က. Numberလေးတွေကိုဖြည့်ပေးပါ နောက်ဆုံးဏဂန်း က(-)ဆိုအရာထိကူးရေးပါ ကျွန်တော်ကတော့ ဘားကုဒ်ကနေတဆင့်
-
မိမိကင်မရာကိုညိမ်အောင်ထားပီးဘားကုဒ်လေးဖတ်ပေးပါ
-အထက်ပါအတိုင်းမြင်တွေ့ရမှာပ
-အကုန်လုံးပီးရင်တော့အထက်ပါအတိုင်း
-အတည်ပြုပေးလိုက်ပါ

-အထက်ပါအတိုင်းဆိုရင် မိမိတို့ မှတ်ပုံတင်ကျောဖက်က လက်မှတ်ထိုးထားတဲ့အရာကို ဓာတ်ပုံရိုက်လိုက်ပါ 
ထိုသို့အဆင့်ဆင့်လုပ်ပီးပါက မိမိတို့ မှတ်ပုံတင်ထားကြောင်းအသိပေးလိုက်ပီးဖြစ်ပါသည်
-အကြောင်းပြန် ကြာချိန်ကတော့ နာရီဝက်လောက်တော့ကြာပါတယ်


-မိမိမှတ်ပုံတင်ကို Ooredoo ကနေတဆင့်ပြန်လည်အကြောင်းကြားပါတော့သည်

-
ပီးနောက် ဖုန်းကနေတဆင့်*666#ကိုဆက်သွယ်ခေါ်ယူပီးမေးမြန်းနိင်ပါသည
အဆင်ပြေ ကြပါစေ ဗျာ

♪ Samsung Korea model တွေမှာ internet မဖွင့်ပဲပွင့်တဲ့ error ဖြေရှင်းနည်း ♫

Samsung Korea model တွေကြုံတွေ့နေရတဲ့ internet connection မဖွင့်ပဲပွင့်ပွင့်နေတက်တဲ့ error ကိုဖြေရှင်းနည်းလေးဖြစ်ပါတယ်။ Samsung Korea model ကိုင်ဆောင်သူတွေတင်မဟုတ်ပဲ လူတိုင်းဗဟုသုတရစေရန် လေ့လာလိုက်ကြရအောင်…….

တချို့ Model တွေ က Power ပိတ်လိုက်တာတို့ Restart ကျ သွားတဲ့အချိန်တွေမှာ Power ပြန်တက်လာရင် Internet ကသူ့အလိုလိုပွင့်နေတတ်ပါတယ်တချို့ Model တွေကျ တော့ ဒီအတိုင်း ကိုပွင့်နေတတ်တာပါ …။ လွယ်ပါတယ် …။

Phone Key (Dialer) ကနေ 319712358 ဟုရိုက်လိုက်ပါ။

Password တောင်းပါက 774632 (သို့) 996412 (သို့) 110821 ဟု ရိုက်ထည့်လိုက်ပါက Menu တစ်ခုတက်လာပါမည်။ ၄င်း Menu ထဲ မှ Network Setting ကိုဝင်ပါ Network mode မှ တဆင့် GSM 900 ကိုရွေးပြီး Home Key နဲ့ ပြန် ထွက် လိုက်ရင်အားလုံးအဆင်ပြေသွားပါမည်။
refer – Arkar


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )

ဒီနေ့ထွက် - Facebook Messenger and Facebook new 9/23/2016

ဒီနေ့ထွက် - Facebook Messenger and Facebook new Version. နောက်ဆုံးထွက် Facebook v97.0.0.0.38apk and Facebook Messenger v90.0.0.11.70 Apk လေးကိုတင်ပေးလိုက်ပါတယ်။ ချစ်စ၇ာ အရုပ်ကလေးများပါလာတာကိုတွေ၇ပါတယ်။ updated သုံးချင်းတဲ့ဘော်ဒါတို့အတွက် အောက်မှာဒေါင်းနိုင်ပါတယ်။

♪ " Samsung Galaxy A9 Pro " ♫

၂၀၁၆ အတွက် Galaxy A9 Pro ကို Samsung စတင်မိတ်ဆက်ပေးလိုက်တဲ့အချိန်ဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ Samsung Galaxy A9 ထွက်ရှိပြီး သိပ်မကြာတဲ့ကာလအတွင်းမှာပဲ Pro Version တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ A9 Pro မှာ ထပ်ပေါင်းထည့်ပေးထားတဲ့ features အသစ်တွေနဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာတဲ့အချက်တွေကို တွေ့နိုင်ပါတယ်။ Galaxy A9 Pro မှာ အရင်ဖုန်းတွေနဲ့ ကြီးကြီးမားမား ကွာခြားချက်တွေသိပ်မတွေ့ရဘဲ ဒီဇိုင်းကအစ A series ပုံစံအတိုင်း တူညီ ပါတယ်။ Samsung ရဲ့ flagship S series ဒီဇိုင်းမျိုးတွေနဲ့ယှဉ်ကြည့်တဲ့အခါ A series အဖွဲ့ဝင်ဖြစ်တဲ့ A9 Pro ဟာ ပိုပြီးလေးထောင့်ဆန်တဲ့ဒီဇိုင်းကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။

Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ ဖုန်းအမျိုးအစားတွေဟာ နောက်ပိုင်းမှာ ပိုမိုခံ့ညားထည်ဝါတဲ့ ဖန်သားဒီဇိုင်းဘက်ကို တဖြည်းဖြည်းကူးပြောင်းလာနေတာ သတိထားမိကြမှာပါ။ A9 Pro ကို Samsung စမတ်ဖုန်းအများကြီးထဲမှာအပြင် အခြားအမျိုးအစားတွေအလယ်မှာ ထူးခြားပြီး ရွေးရလွယ်ကူအောင် Galaxy A9 Pro အရွယ်အစားကို ခြားနားချက်ဖြစ်လာအောင် ဖန်တီးပေးခဲ့ပြီး ဖုန်းအရွယ်ကိုကြည့်ရုံနဲ့တင် A9 Pro ကို ခွဲခြားနိုင်ပါတယ်။ Gorilla Glass နဲ့ ဖုန်းရှေ့မျက်နှာပြင်၊ ကျောဘက်တစ်လျှောက်လုံးကို ကွေးညွတ်နေအောင် တည်ဆောက်ပေးခဲ့ပြီး သတ္တုဘောင်နဲ့ကိုယ်ထည်ကို ထိန်းချုပ်ထားပါတယ်။

Samsung Galaxy A9 Pro အတွက် ကြီးမားတဲ့ပြောင်းလဲမှုကို ဒီဇိုင်းပိုင်းမှာ သိမ်မတွေ့ရပါဘူး။ ဒါပေမဲ့ Phablet အချင်းချင်းကွဲပြားမှုကို ဘေးချင်းယှဉ်ပြီး သေချာတိုက်ကြည့်လိုက်ရင်တော့ A9 Pro ဟာ နည်းနည်းလေး ထူးခြားနေပါတယ်။ A9 Pro ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် နည်းနည်းလေး ပိုများနေပြီး အခြား Phablet တွေထက်လည်း ပိုမိုထူပါတယ်။ အလေးချိန်နဲ့အထူကြောင့် A9 Pro ရဲ့ လှပမှုကို စိုးရိမ်စရာမလိုဘဲ ခမ်းနားတဲ့ဒီဇိုင်းကို Samsung က ပြုလုပ်ခဲ့ပေးပြီးသားဖြစ်ပါတယ်။ ဖန်သားနဲ့ အလူမီနီယမ်ဘေးထောင့်တွေကို လှလှပပကွေးထားတဲ့ဒီဇိုင်းကြောင့် A9 Pro ဟာ လက်ထဲမှာ ကျစ်လျစ်နေပြီး ချော်ထွက်ခြင်းလည်း မရှိပါဘူး။

Dual-SIM ထည့်သုံးရမယ့် ဆင်းကတ်ပေါက်ကို ဖုန်းညာဘက်ခြမ်းမှာ တွေ့ရပေမယ့် microSD ကတ်ကိုတော့ အပေါ်ပိုင်းမှာ ထည့်သွင်းသုံးစွဲရပါလိမ့်မယ်။ A9 Pro မှာ Home ခလုတ်ကအစ အလူမီနီယမ်နဲ့ ဖွဲ့စည်းထားပြီး fingerprint scanner ပါဝင်ပါတယ်။ Pro mode ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ထားရလောက်အောင် အရည်အချင်းပြည့်ဝတဲ့အချက်ဟာ A9 Pro ရဲ့ Display လည်း ဖြစ်ပါတယ်။ ၆ လက်မအရွယ်ထိ မျက်နှာပြင်ကို ကြီးကြီးမားမား ဖွဲ့စည်းပေးထားပြီး Super AMOLED ကြောင့် ရုပ်ထွက်ပိုင်းကို ယုံကြည်စိတ်ချနိုင်ပါတယ်။

2.5D Curved Gorilla Glass 4 ကို မျက်နှာပြင်အပေါ်ကနေ ဖုံးအုပ်ထားပြီး ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels full HD ဖြစ်ပါတယ်။ A9 Pro မှာ Android OS 6.0.1 (Marshmallow) ကို ထည့်သုံးထားပါတယ်။ ဖုန်းရဲ့ အဓိကကင်မရာအဖြစ် 16MP ကင်မရာကို သုံးနိုင်မှာဖြစ်ပြီး OIS ပါဝင်မှုနဲ့ LED flash ကြောင့် နှစ်သက်စရာကောင်းပါတယ်။ Full HD 1080p ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ 8MP ကင်မရာဟာလည်း Full HD ဗီဒီယိုတွေ ကောင်းကောင်းဖန်တီးပေးနိုင်ပါတယ်။ Pro မှာ တိုးတက်လာတဲ့ ကင်မရာလုပ်ဆောင်ချက်တွေကြောင့် Samsung Galaxy A9 Pro ဟာ ပိုမို အသက်ဝင်လာခဲ့ပြီး Galaxy A9 13MP ကင်မရာဟာ အခု 16MP အထိ မြင့်တက်လာပါတယ်။

ဖုန်းအတွင်းပိုင်းမှာ Snapdragon 652 chipset ကို A9 Pro အတွက် အမှန်ကန်ဆုံးရွေးချယ်ပေးခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းဟာ octa-core processor ကြောင့် မြန်နှုန်းတစ်စက်ကလေးမှ မလျော့ပါဘူး။ A9 Pro ရွဲ့ RAM ဟာလည်း 4GB ထိ အမြင့်ဆုံးသုံးရမှာဖြစ်ပြီး App နဲ့ ဂိမ်းတွေရဲ့မြန်နှုန်း ပိုမြင့်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး microSD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါတယ်။

* Battery Life *
A9 Pro ရဲ့ ဘက်ထရီခံနိုင်ရည်အားဟာ ဖုန်းရဲ့အားသာချက်တစ်ချက်ဖြစ်ပြီး Pro မှာ 5000mAh အထိ မြင့်တက်လာပါတယ်။ ဘက်ထရီကို နှစ်ရက်လောက်ထိ အားသွင်းစရာမလိုဘဲသုံးနိုင်ပြီး 2.0A fast charging ကြောင့် အားသွင်းချိန် အလွန်မြန်ဆန်ပါတယ်။

* Design *
ဖန်သားနဲ့ အလူမီနီယမ် တည်ဆောက်ထားတဲ့ဒီဇိုင်းကို A9 Pro အတွက် ဖန်တီးပေးခဲ့ပြီး အလေးချိန်တော့ နည်းနည်းပိုများလာပါတယ်။ ဒီဇီုင်းလှပပြီး တည်ဆောက်ထားပုံ သပ်ရပ်တာတို့ကြောင့် အပြစ်အနာအဆာမရှိဘဲ ပြီးပြည့်စုံတဲ့အလှကို ပိုင်ဆိုင်ထားပါတယ်။

* Processor *
Snapdragon 652 chip ကို A9 Pro မှာ ဆက်လက်သုံးစွဲခဲ့ပြီး octa-core processor နဲ့ စွမ်းဆောင်ရည်အတွက် ဆောင်ရွက်ပေးနိုင်ပါတယ်။ RAM ဟာ ပိုမိုများပြားလာပြီး 4GB အထိ မြင့်တက်လာပါတယ်။ ဂရပ်ဖစ်ပိုင်းကို ကောင်းမွန်တဲ့ Adreno 510 ကို သုံးပေးထားပါတယ်။

* Display and Camera *
၆ လက်မအရွယ် screen ကို သုံးနိုင်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးထားတာကတော့ Super AMOLED Display ဖြစ်ပါတယ်။ ဖုန်းရဲ့ပင်မကင်မရာဟာ 16MP ဖြစ်ပြီး LED flash ပါဝင်ပါတယ်။ Full HD ဗီဒီယိုကိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာ 8MP ကို တပ်ဆင်ထားပါတယ်။

* Verdict *
Samsung ဟာ Pro version မှာ ပိုမိုအဆင့်မြင့်လာတဲ့ ကင်မရာလုပ်ဆောင်ချက်တွေ ထည့်သွင်းခဲ့ပြီး A9 ရဲ့ 13MP ကင်မရာဟာ A9 Pro မှာ 16MP အထိ မြင့်တက်လာပါတယ်။ Pro ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ A9 Pro မှာ တွေ့နိုင်ပါတယ်။

Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Display : 6.0", Super AMOLED capacitive touchscreen
» Dimensions : 6.37 x 3.19 x 0.31 inch
» Memory : 32GB, 4GB RAM, microSD, up to 256GB
» Camera : 16 Megapixel, Front : 8 Megapixel, autofocus, OIS, LED flash, Geo-tagging, touch focus, face detection, panorama, HDR
» Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0
» OS : Android OS, v6.0.1 (Marshmallow)
» Chipset : Qualcomm MSM8976 Snapdragon 652 GPU : Adreno 510
» Protection : Corning Gorilla Glass 4
Price » 555,000 Ks
Contact Phone » 01-224502 ( CTM )

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

♪ Chaves Adventures Game ♫

ကျတော်တို့ငယ်စဉ်ကဆော့ကစားခဲ့တဲ့ Mario nitendo game လေးကိုမှတ်မိကြမှာပါ။ အဲဒီ game လေးကို Android မှာဆော့ကစားလိုရင်တော့ ဒီ game လေးကိုယူပြီး ဆော့ကစားကြည့်ပါ။ game ရဲ့ဖန်တီးမှု့မှာ အကောင်လေးတွေ background တွေကသာပြောင်းလဲသွားတာပါ။ ဆော့ကစားရတာရော အခန်းတွေရောက အကုန်အတူတူပါပဲ။ ဒီ game မျိုးလေးတွေကို ဒီဘက်ခေတ်က ကလေးတွေအတွက် သိပ်မသိတော့ကြပါဘူး။ game လေးကိုဆော့ကစားလိုရင်တော့ Google Play ကနေတိုက်ရိုက် download ရယူနိုင်ပါတယ်။


google play


အဆင်ပြေပါစေ။

♪ ‘Buddy System’ ပါဝင်လာပြီး၊ Root ဖောက်ထားတဲ့ဖုန်းတွေမှာ ဆော့လို့မရတော့တဲ့ Pokémon GO update ထွက်ရှိ ♫

Google Play Store နဲ့ Apple App Store တို့မှာ ယနေ့ထွက်ရှိလာတဲ့ Pokémon GO update အသစ်မှာ trainer တိုင်း စောင့်မျှော်လင့်နေတဲ့ ‘Buddy System’ ပါဝင်လာပြီး၊ မိမိစိတ်ကြိုက် ပိုကီမွန်အကောင်ကို ရွေးချယ်ကာ ကိုယ့်နဲ့အတူတူခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ‘Buddy’ ရွေးပြီး လမ်းလျှောက်တဲ့အခါ ကီလိုမီတာပြည့်တိုင်း ရွေးထားတဲ့ပိုကီမွန်ရဲ့ Candy ပြန်ရသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ယခု update မှာ သတင်းဆိုးတစ်ခုလည်း ပါလာပါတယ်။ ဒါကတော့ ယခု update အသစ်မှာ Root ဖောက်ထား၊ Jailbreak လုပ်ထားတဲ့ဖုန်းတွေကို support ပေးတော့မှာမဟုတ်ဘဲ၊ ဂိမ်းစဝင်ဝင်ချင်း စခရင်မှာတင် ရပ်နေမှာဖြစ်ပါတယ်။

ဒီ့အပြင် ယခု update မှာ Pokémon GO Plus နဲ့ တွဲကစားနိုင်လို့ရအောင်လည်း လုပ်ပေးထားပြီး၊ ကစားနေရင် အင်တာနက်လိုင်းပြောင်းတဲ့အခါ app က ပိတ်သွားတာမျိုးမဖြစ်တော့အောင်လို့ Performance ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်း လုပ်ပေးထားတယ်လို့ သိရပါတယ်။

သတင်းဆိုးဖြစ်တဲ့ Root ဖောက်ထားတဲ့ဖုန်းတွေမှာ ဆော့လို့မရတော့ဘူးဆိုတာနဲ့ ပတ်သတ်ပြီး နာမည်ကျော်နည်းပညာဝက်ဘ်ဆိုဒ် Android Police က Root ဖောက်ပြီးသား Moto X Pure Edition ဖုန်းရယ်၊ Galaxy S7 Edge ဖုန်းရယ်နဲ့ စမ်းသပ်ခဲ့ရာမှာ၊ သတင်းက အမှန်ဖြစ်နေကြောင်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

t

လက်ရှိမှာ ယခု update ကို မိတ်ဆွေမှာ မရသေးဘူးဆိုရင် Android အတွက် ယခုလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ သတိပြုရမှာက Niantic အနေနဲ့ တရားဝင် app စတိုးတွေဖြစ်တဲ့ Play Store နဲ့ App Store တို့ကနေပဲ ဆွဲဖို့ အကြံပြုထားတာကြောင့် မရသေးရင် ခဏစောင့်ဆိုင်းပြီး တရားဝင်ဒေါင်းလုဒ်ဆွဲဖို့ကိုပဲ အကြံပေးပါရစေ။

Credit to ==> Digital Times

♪ Android အတွက် အကောင်းဆုံး Video တည်းဖြတ် app ၁၀ ခု ♫

ဗွီဒီယိုတည်းဖြတ်ခြင်းဟာ ဖုန်းတစ်လုံးအနေနဲ့ လုပ်လို့ ရတဲ့ အခက်ဆုံးအလုပ်တစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ အရမ်းကောင်းမွန်တဲ့ specs တွေ ၊ RAM ပမာဏအမြင့်စား ၊ သိုလှောင်မှုကောင်းပြီး တစ်ခြားတစ်ခြား အလုပ်လုပ်လို့ ဖြစ်မယ့်အရာတွေ အများကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့်ပဲ မိုဘိုင်းလ်ဖုန်းတွေပေါ်မှာ ဗွီဒီယိုတည်းဖြတ်ဖို့ ဆိုတာ အတော်လေးခက်ခဲပါတယ်။ ဖုန်းတွေမှာ Final Cut Pro တို့  Adobe Premiere Pro တို့ လိုမျိုး အက်ပ်တွေကို ပွားယူဖို့ ပါဝါတို့ specs တို့ မရှိထားပါဘူး။ မိုဘိုင်းလ်ပေါ်မှာ အနီးစပ်ဆုံး လုပ်လို့ ရမယ့် အရာမျိုးတောင် ရှာတွေ့ မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ချို့ အက်ပ်တွေဟာ အခြေခံပိုင်းလေးတွေကို တော်တော်လေး လုပ်နိုင်ပါတယ်။ သင်သာ စိတ်ရှည်တယ်ဆိုရင် တစ်ချို့ ပရော်ဖက်ရှင်နယ် ဘလော့ဂ်တင်တာမျိုးအတွက်တောင် လုပ်လို့ ရနိုင်မှာပါ။ Android ပေါ်မှာ အကောင်းဆုံးလို့ ဆိုရမယ့် video editor apps တွေကို ဖော်ပြလိုက်ပါတယ်။
            (၁) Adobe Premiere Clip

Adobe Premiere Clip ဟာ video editor apps တွေထဲမှာ နာမည်ကြီး အက်ပ်တစ်ခု ဖြစ်ပါတယ်။ သူ့ မှာ ကိုယ့်ဘာသာ မတည်းဖြတ်ချင်ပါက ကိုယ့်ရဲ့ ပုံတွေနဲ့ ဗွီဒီယိုကိုသုံးပြီး ဗွီဒီယိုဖိုင်တွေ အလိုအလျောက် တည်းဖြတ်ပေးနိုင်တဲ့ features တွေ အပါအဝင် တစ်ခြား features တွေလည်း အများကြီး ပါရှိပါတယ်။ အဲသလို မဟုတ်ဘဲ tools တွေ ၊ အထူးပြုလုပ်ချက် effects တွေနဲ့ သီချင်းတွေကို သုံးပြီး ကိုယ့်ဘာသာလည်း ဗွီဒီယို တည်းဖြတ်လို့ ရနိုင်ပါတယ်။ ဒီအက်ပ်ဟာ ကိုယ့်ပိုင် သီချင်းတွေကို သုံးလို့ ရအောင် အဆင့်မြှင့် boost လုပ်ထား တယ်ဆိုပေမယ့် တစ်ချို့ သုံးစွဲသူတွေအတွက်တော့ ဒီလိုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီအက်ပ်ဟာ ပရောဂျက်တစ်ခု ပြီး နောက်တစ်ခု ဆက်လုပ်သွားလို့ ရအောင်လို့ Adobe Premiere Pro နဲ့ ချိန်သားကိုက် လုပ်ဆောင်ပေးပါတယ်။ အထူးသဖြင့် PC တို့ Mac တို့ ပေါ်မှာ Adobe Premiere Pro ကို သုံးမယ်ဆိုရင် ရိုက်ချက်ကောင်းကောင်း ထွက်ပါတယ်။
Download “Adobe Premiere Clip” for Android
            (၂) Funimate

            Funimate ဟာ အံအားသင့်စရာကောင်းလောက်အောင် နာမည်ကျော်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပေမယ့် video editor apps ထဲမှာတော့ ပြောလောက်အောင် အကောင်းစား အက်ပ်တစ်ခုတော့လည်း မဟုတ်ပါဘူး။ ကိုယ့်ဖုန်းထဲမှာ ရှိထားတဲ့ အရာတွေနဲ့ ပဲ ရိုးရှင်းတဲ့ ဗွီဒီယိုတွေ ၊ သီချင်းဗီဒီယိုတွေကို ဖန်တီးဖို့ အတွက်ကောင်းတဲ့ အက်ပ်တစ်ခု အဖြစ် အဆင့်မြှင့်ထားတာပါ။ ကိုယ့်တည်းဖြတ် လို့ ရနိုင်တဲ့ video filter ၁၅ ခု ရှိပြီး အဲသလို တည်းဖြတ်တဲ့ process ကလည်း တော်တော်လေး ပေါ့ပေါ့ပါးပါး ရှိပါတယ်။ တကယ့် ဗွီဒီယိုတစ်ခုမှာ သုံးဖို့ ကောင်းတဲ့ အက်ပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း လေးဖန်တီးဖို့ လိုအပ်ရင်တော့ သုံးပျော်ပါတယ်။ ဒီအက်ပ်ကိုတော့ အခမဲ့ ရနိုင်တာ ဖြစ်လို့ စမ်းကြည့်တာ မမှား ပါဘူး။
Download “Funimate” for Android
(၃) Movie Maker Filmmaker

            Movie Maker Filemmaker ကတော့ ဗွီဒီယိုတစ်ခု တည်းဖြတ်ရာမှာ စံတင်လောက်တဲ့ video editor အက်ပ်တစ်ခု ဖြစ်ပါတယ်။ ဗွီဒီယိုအစိတ်အပိုင်းအလိုက် သပ်ရပ်သွားအောင် တိ trim လုပ်နိုင် ၊ ဖြတ် crop နိုင် နှင့် ပြန်စီ reorder နိုင်သလို focal points ထားတာမျိုး လုပ်လို့ ရနိုင်ပါတယ်။ ဗွီဒီယို အထူးပြုလုပ်ချက်အမျိုးမျိုး ထည့်ထားပြီး လုပ်ဆောင်ချက်ပိုင်းမှာ အံအားသင့်စရာကောင်းလောက်အောင် စွမ်းအားမမြင့်ပေမယ့် ကိုယ့်စိတ်ကြိုက် filter ဆွဲပြီး ဒီဇိုင်းချနိုင်ပါတယ်။ အက်ပ်ဟာ အဓိကအပိုင်းတွေကို ပြန်ပြီး ဒီဇိုင်းဆွဲထားတာ ဖြစ်လို့ တစ်ချို့ bug ပိုင်းပြဿနာတစ်ချို့ ရှိထားပေမယ့် တစ်ခြားဗွီဒီယိုတည်းဖြတ်အက်ပ်တွေ ထက် ပိုကောင်းတဲ့ အက်ပ်တစ်ခု ဖြစ်ပါတယ်။ ဒီအက်ပ်ကိုတော့ လုံးဝ အခမဲ့ပေးထားပါတယ်။
Download “Movie maker filmmaker” for android
            (၄) PowerDirector Video Editor

PowerDirector ဟာ အခုပြောထားတဲ့ စာရင်းထဲမှာ နားလည်ဖို့ အလွယ်ဆုံး ဗွီဒီယိုတည်းဖြတ်အက်ပ် တစ်ခု ဖြစ်ပါတယ်။ သူ့ မှာ အမြန်တည်းဖြတ်လို့ ရတဲ့ tools ၊ အထူးပြုလုပ်ချက်အမျိုးမျိုး နှင့် တစ်ခြား tools များအပါအဝင် features တွေ အများကြီးနဲ့ လာပါတယ်။ ဒီအက်ပ်မှာဆို Collage Maker နဲ့ အနှေးပြကွက် Slow Motion ပိုင်းကိုပါ ထည့်ထားပါတယ်။ သုံးရတာလည်း အတော်လေး လွယ်ကူပြီး အရင်တုန်းက ဗွီဒီယိုတည်းဖြတ် အတွေ့ အကြုံရှိထားတဲ့သူတွေကို အေးအေးဆေးဆေး ဝင်သုံးလို့ ရအောင်လို့ timeline editor နည်းလမ်းကို သုံးထားပါတယ်။ ဒီအက်ပ်ကို အခမဲ့ဒေါင်းလုပ်ဆွဲသုံးနိုင်တယ်ဆိုပေမယ့် သူ့ ရဲ့ features တွေအားလုံးကို သုံးလို့ ရအောင်တော့ ငွေတစ်ချို့ ထပ်သုံးဖို့ လိုပါလိမ့်မယ်။
Download “PowerDirector Video Editor” for Android
            (၅) Quik

Quik ကတော့ video editor apps တွေထဲမှာ အသစ်ထွက်တဲ့ မျိုးဆက်တစ်ခုဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေး သုံးချင်ရင် အတော်လေး ကောင်းပါတယ်။ သုံးနည်းကတော့ ဓါတ်ပုံ နှင့် video clips ပေါင်း ၅၀ အထိ ထည့်လို့  ရပြီး အက်ပ်ဟာ တစ်ခုချင်းကို ခွဲခြမ်းစိတ်ဖြာပြီး ဒီပုံနဲ့ video clip တွေပေါ် မူတည်ပြီး ဗွီဒီယိုအတိုလေးတစ်ခု ခွဲပေးမှာပါ။ Quik မှာ ဗွီဒီယို ပုံစံပေါင်း နှစ်ဒါဇင်လောက်ပါရှိပြီး ပြန်ပြီး စီလို့ ရပြီး ဗွီဒီယိုမတင်ချင်မှာ စိတ်ကြိုက် ပြင်လို့ ရပါတယ်။ ဒီကောင်လေးကတော့ Adobe Premiere Clip တို့ PowerDirector တို့ လိုတော့ မကောင်းပေ မယ့် လူတိုင်းက ဒါမျိုး အလန်းစားအက်ပလီကေးရှင်းတွေ လိုအပ်တာမှ မဟုတ်တာ။ ဒီအက်ပ်ကလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခမဲ့ ကောက်ဆွဲလို့ ရပါတယ်။
Download “Quik” for Android
            (၆) ViraVideo

VivaVideo ဟာ လူအများစုအတွက် အလုပ်ဖြစ်တဲ့ အလတ်တန်းစား ဗွီဒီယိုတည်းဖြတ်အက်ပ်ကောင်း တစ်ခု ဖြစ်ပါတယ်။ ဒီအက်ပ်ဟာ ကိုယ်တင်ခဲ့တဲ့ clip တွေ ရှိတဲ့နေရာကနေ တည်းဖြတ်လို့ ရတဲ့ ရုပ်သံအစီအစဉ် တစ်ခုကို သုံးထားပြီး ဒီ clips တွေကို လိုသလို တည်းဖြတ်တာ သေသေသပ်သပ်ဖြစ်ရင် trim လုပ်ဖြတ်တာလုပ်နိုင်ပြီး နောက်တစ်ပိုင်းကို ဆက်သွားပါတယ်။ သူ့ မှာ video filter ပေါင်း ၂၀၀ ကျော် ပါရှိပြီး အခြား အထူးပြုလုပ်ချက်တွေ ၊ စာသားထည့်တာ မျိုးနဲ့ အမြန်အနှေးပြတာတွေ လုပ်လို့ ရနိုင်ပါတယ်။ VivaVideo ဟာ ရေဆေးနဲ့ လာတဲ့ အခမဲ့ ဗားရှင်းဖြစ်ပြီး ဘယ်ဗွီဒီယိုအတွက်မဆို အချိန်အကန့် အသတ်ရှိပါတယ်။ ဒီလို ကန့် သတ်ချက်တွေကို ဖယ်ရှားဖို့ pro version တစ်ခု ဝယ်လို့ ရပါတယ်။
Download “Viva Video” for Android
            (၇) Video Editor

များသောအားဖြင့် Video Editor လိုမျိုး လက်တွေ့ ကျတဲ့နာမည်မျိုးနဲ့ လာတဲ့ အက်ပ်တွေဟာ အချိန်ပေးရတာ မတန်ပါဘူး။ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ တန်သွားမှာပါ။ ဒါဟာ trim video လုပ်ရာ ၊ clip တွေကို စီစဉ်ပြီး သီချင်းတွေ ထည့်တာမျိုးလို အခြေခံ လုပ်လို့ ရတဲ့ ရိုးရှင်းတဲ့ ဗွီဒီယို တည်းဖြတ်အက်ပ် တစ်ခု ဖြစ်ပါတယ်။ ဗွီဒီယိုတွေမှာ စာသားနဲ့  emoji ထည့်ခြင်းနှင့် နည်းနည်းမြူးစေဖို့ ဗွီဒီယို အထူးပြုလုပ်ချက်လေးတွေ ထည့်တာမျိုးတွေလို အပို features တစ်ချို့ သုံးလို့ ရမှာပါ။ ဒီကောင်ဟာလည်း Vine တို့ Instagram တို့ လို မျိုးအတွက် အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ ထုတ်လုပ်ချက်တွေအတွက်တော့ လုပ်လို့  မရနိုင်ပါဘူး။ အနည်းဆုံးတော့ ဒီအက်ပ်ကို အခမဲ့ သုံးလို့ ရနိုင်ပါတယ်။
Download “Video Editor” for Android
            (၈) Videoshop

Videoshop ကလည်း ရိုးရိုးရှင်းရှင်းသုံးချင်သူတွေအတွက် အတော်လေးကောင်းမွန်တဲ့ video editor app တစ်ခုပါ။ သူမှာလည်း ဗွီဒီယိုဖိုင်ကို သေသေသပ်သပ်လေးဖြစ်အောင် trimming လုပ်တာ ၊အခြေခံ တည်းဖြတ်မှုပိုင်းနှင့် သီချင်းတွေထည့်တာမျိုး စသည်ဖြင့် လုပ်လို့ ရတဲ့ features တွေ အများကြီးပါရှိပါတယ်။ ဒါ့အပြင်ဒီအက်ပ်မှာtransition animations များ ၊ အသံဖမ်းလို့ ရခြင်း ၊stop motion ပိုင်း ၊အသံ effects များ နှင့် ဗွီဒီယိုကို ပြန်ရစ်ပြီး ပြလို့ ရတာမျိုးလို ပျော်စရာလေးတွေ ထည့်ပေးထားပါတယ်။ ဒီကောင်လေးကို အခမဲ့ ဒေါင်းလုပ်ဆွဲပြီးသုံးနိုင်ပြီး အပိုfeatures များအတွက် 0.99 ဒေါ်လာ ကျသင့်ပါတယ်။
Download “Videoshop” for Android
            (၉) VideoShow

VideoShow ဟာ တကယ့်ကို ကောင်းတဲ့ video editor app တစ်ခုပါ။ PowerDirector တို့ Premiere Clip တို့ လိုမျိုးအလန်းကြီး မဟုတ်ပေမယ့် သူ့ မှာ features တွေ အများကြီးပါရှိပါတယ်။ ဒီထဲမှာက ကိုယ့်ရဲ့ ဗွီဒီယိုမှာ effects အမျိုးမျိုး ထည့်လို့ ရနိုင်ပါတယ်။ ဒီ effects တွေထဲမှာ စတစ်ကာတွေ ၊ စာသာ (ဖောင့်အပါအဝင်) ၊ themes များနှင့် ကိုယ်နှစ်သက်ရာ ရွေးသုံးလို့ ရတဲ့ တစ်ခြား အထူးပြုလုပ်ချက်တွေလည်း ပါရှိပါတယ်။ လိုအပ်လို့ အသံဖမ်းချင်တယ်ဆိုရင် ဗွီဒီယိုပေါ်မှာ ပုံဆွဲလို့ ရနိုင်ပါတယ်။ controls ပိုင်းတွေက သုံးရတာ လက်ပေါက်ကပ်ပြီး သူ့ မှာ ရှင်းထုတ်ဖို့ လိုတဲ့ Bug တွေ ပြဿနာတွေ ရှိထားပေမယ့် သုံးပျော်ပါတယ်။
Download “VideoShow” for Android
            (၁၀) VQuick

VQuick ဟာ ကျွန်တော်တို့ ရဲ့ video editor apps များစာရင်းမှာ နောက်ဆုံးကဖြစ်ပြီး အသစ်လွင်ဆုံး အက်ပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဗွီဒီယိုဘလော့ဂ်ရေးသူတွေ ၊ ဂျာနယ်လစ်ပိုင် နဲ့ အလားတူ လူမှုရေးပိုင်းသုံး ဗွီဒီယို ဖန်တီးသူများအတွက် သီးသန့် ထုတ်ထားတာပါ။ သူ့ မှာ အခြေခံ တည်းဖြတ်ရေး features တစ်ချို့  ပါရှိပေမယ့် အထူး features ရယ်လို့ မပါရှိပါဘူး။ ကိုယ့်ဗွီဒီယိုကို တစ်ခြားသူတွေ ကြည့်လို့ ရမယ့် လူမှုကွန်ယက်မှာ ထည့်ထားတာပါ။ ကိုယ့်ဗွီဒီယိုကို တစ်ယောက်ယောက်ကို ပြသပြီး ကြည့်ရှုပြီးတာနဲ့ ဖျက်လို့ ရတဲ့ self-destruct mode တစ်ခုလည်း ပါရှိပါတယ်။ သူ့ ကတော့ သီးသန့် ဖြစ်ပြီး လုံးဝ အခမဲ့ပါပဲ။ ဒါပေမယ့်လည်း တစ်ခုရှိတာက လူတော်တော်များများကတော့ ဒါကို သုံးကြတာ မဟုတ်ပါဘူး။ နောက်ပြီးသူ့ မှာ ရှင်းပေးဖို့ လိုနေသေးတဲ့ bugs တွေလည်း ရှိနေပါသေးတယ်။
Download “VQuick” for Android

Wai Lin Aung (Myanmar Mobile App)