
Samsung 5.0 Lollipop အချို့အလုံးတွေမှာ ဒီပြဿနာဖြစ်ပေါ်နိုင်ပါတယ်။
တကယ်လို့ဒီလိုဖြစ်လာရင် iFont Donate သို့မဟုတ် Hifont နဲ့ပြန်သွင်းပေးရင်အဆင်ပြေနိုင်ပါတယ်။
ပထမဦးဆုံးကျွန်တော် iFont Donate နဲ့ အရမ်းစမ်းကြည့်ဖို့အကြံပြုလိုပါတယ်။
iFont Donate နဲ့မရတော့မှ HiFont နဲ့ထပ်လုပ်ကြည့်ပါ။
iFont ကိုအသုံးပြုပြီး Font Not Supported ပြဿနာဖြေရှင်းနည်း
********************************
ပထမဦးဆုံး iFont Donate v5.8.0 [Crecked] ကို မိမိတို့ဖုန်းမှာ Install လုပ်ထားပါ။
မရှိသေးရင် ဒီမှာ အရင်းသွားဒေါင်းလိုက်ပါ။
ပြီးရင် iFont Donate ကိုဖုန်းမှာ Install လုပ်ပြီး ဖွင့်လိုက်ပါ။
စစသုံးချင်းဆိုအောက်ကပုံလို Message တက်လာရင် Ok သာပေးလိုက်ပါ။
ပထမဦးဆုံး iFont Donate v5.8.0 [Crecked] ကို မိမိတို့ဖုန်းမှာ Install လုပ်ထားပါ။
မရှိသေးရင် ဒီမှာ အရင်းသွားဒေါင်းလိုက်ပါ။
ပြီးရင် iFont Donate ကိုဖုန်းမှာ Install လုပ်ပြီး ဖွင့်လိုက်ပါ။
စစသုံးချင်းဆိုအောက်ကပုံလို Message တက်လာရင် Ok သာပေးလိုက်ပါ။

ညာဘက်အပေါ်နားက My Font ကိုနှိပ်ပါ။

ပြီးရင် My Install ဆိုတာကိုထပ်နှိပ်ပါ။

ဒါဆိုကိုယ် Install လုပ်ထားတဲ့ ဖောင့်တွေအားလုံးမြင်တွေ့ရပါလိမ့်မယ်။
အဲ့ဒီထဲကကိုယ် Font ချိန်းတုန်းက Font not supported လို့ပြတဲ့ဖောင့်ကိုရှာပါ။
ပြီးရင်နှိပ်လိုက်ပါ။

ပြီးရင် Set ဆိုတာကိုနှိပ်ပေးလိုက်ပါ။

ဒီနေရာမှာတကယ်လို့သင့်ဖုန်းဟာ iFont ကို တခါမှအသုံးမပြုရသေးရင် အသုံးပြုနည်းကြည့်မလားလို့ မေးလာပါလိမ့်မယ်။ Skip ကိုသာနှိပ်လိုက်ပါ။

ပြီးရင်နောက်ထပ် Message တစ်ခုတတ်လာပါလိမ့်မယ် OK သာနှိပ်ပေးလိုက်ပါ။

ပြီးရင်နောက်ထပ် Message တစ်ခုတတ်လာပါလိမ့်မယ် OK သာနှိပ်ပေးလိုက်ပါ။

ပြီးရင် Font App လေးတစ်ခုအနေနဲ့ Install လုပ်ခိုင်းပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။

Install လုပ်ပြီးတာနဲ့ Display Settng ထဲကို တခါတည်း Auto ရောက်သွားပါလိမ့်မယ်။ အဲ့ဒီထဲက Font Style သို့မဟုတ် Font ကိုရှာပြီး ဝင်လိုက်ပါ။ အဲ့ဒီထဲက ခုလေးတင် Install လုပ်လိုက်တဲ့ဖောင့်ကိုရှာပြီးရွေးပေးလိုက်ပါ။
iFont နဲ့လုပ်ထားတဲ့အတွက်ဖောင့်အမည်က (iFont) နဲ့ဆုံးပါတယ်။
သေချာရှာပြီးရွေးပေးလိုက်ပါ။

ဒါဆိုအဆင်ပြေသွားပါပြီ 🙂
==========@@@@@@==========
HiFont အသုံးပြုပြီး Font not supported ပြဿနာဖြေရှင်းနည်း
*********************
ပထမဦးဆုံးမိမိတို့ဖုန်းမှာ HiFont ကို Install လုပ်ထားပေးဖို့လိုအပ်ပါတယ်။မရှိသေးရင် Play Store ကနေဒေါင်းလို့ရပါတယ်။ ဒါမှမဟုတ် ဒီကနေ လည်းသွားဒေါင်းလို့ရပါတယ်။
ပထမဦးဆုံးမိမိတို့ဖုန်းမှာ HiFont ကို Install လုပ်ထားပေးဖို့လိုအပ်ပါတယ်။မရှိသေးရင် Play Store ကနေဒေါင်းလို့ရပါတယ်။ ဒါမှမဟုတ် ဒီကနေ လည်းသွားဒေါင်းလို့ရပါတယ်။
ဒေါင်းပြီးမိမိတို့ဖုန်းမှာ Install လုပ်လိုက်ပါ 🙂
ပြီးရင်ဖွင့်လိုက်ပါ။

ဘယ်ဘက်အပေါ်ဒေါင့်က Menu ခလုတ်ကိုနှိပ်လိုက်ပါ။ဒါမှမဟုတ်ဖုန်းက Menu ခေါ်တဲ့ ခလုတ်ကိုနှိပ်လိုက်ရင်လည်းရပါတယ်။

Menu ထဲက My Font ကိုနှိပ်လိုက်ပါ။

ပြီးရင် Custom Font ကိုထပ်နှိပ်ပေးပါ။

ဖုန်း Stroage ထဲက HiFont ဆိုတဲ့ ဖိုဒါထဲကဖောင့်ကိုတွေဒီမှာလာပြနေတာပါ။
ကိုယ်ချိန်းချင်တဲ့ဖောင့်တွေကို ttf ဖိုင်နဲ့ အဲ့ဒီ HiFont ဆိုတဲ့ဖိုဒါထဲကိုအရင်သွားထည့်ပေးရပါတယ်။
ဒါမှဒီနေရာမှာကိုယ်ချိန်းချင်တဲ့ဖောင့်ရောက်နေမှာပါ။အခြားဖောင့်တွေကိုချိန်းချင်ရင် ကိုယ်ချိန်းလိုတဲ့ဖောင့်ရဲ့ttf ဖိုင်ကို HiFont ဖိုဒါထဲကိုအရင်သွားထည့်ပေးရမှာပါ။
Custom font ထဲက ကိုယ့်ဖောင့်ကိုနှိပ်လိုက်ပါ။

ပြီးရင် Use ကိုနှိပ်လိုက်ပါ။

ဒီနေရာမှာ ကိုယ့်ဖုန်းကခုမှ HiFont ကို ပထမဆုံးအကြိမ်အဖြစ်အသုံးပြုတာဆိုရင် Custom ဖောင့်တွေအသုံးပြုနိုင်ဖို့ Custom Font Plugin ကို ဒေါင်းခိုင်းပါလိမ့်မယ်။ OK သာနှိပ်ပေးလိုက်ပါ။

ဒါဆို Custom font plugin ဒေါင်းချပေးပါလိမ့်မယ်။
ပြီးသွားရင် Install လုပ်ခိုင်းပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။

Install လုပ်လို့ပြီးသွားရင် Done ကိုပဲနှိပ်ပေးလိုက်ပါ။

ပြီးရင် Use ကိုပဲ နောက်တစ်ကြိမ်ထပ်နှိပ်ပေးလိုက်ပါ။

ဒါဆိုကိုယ့်ဖောင့်ကို Custom Font ဆိုတဲ့ App အမည်နဲ့ Install လုပ်ခိုင်းပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။

ပြီးသွားရင်တော့ Done ကိုသာနှိပ်လိုက်ပါ။

ပြီးရင် Use ကိုပဲနောက်ထပ်တစ်ခါထပ်နှိပ်ပါ။

ဒီတခါဖောင့်ရွေးဖို့ကျလာပါပြီ 🙂
အဲ့ဒီထဲကကိုယ်ခုလေးတင် Install လုပ်လိုက်တဲ့ဖောင့်ကိုရှာပြီး ရွေးပေးလိုက်ပါ။
HiFont နဲ့လုပ်ထားတဲ့အတွက် ဖောင့်အမည်နောက်ဆုံးမှာ (myFont) လို့ပြထားပါလိမ့်မယ်။
ရွေးပြီး Yes or No မေးလာရင် Yes သာပေးလိုက်ပါ။

Done ဒါဆိုအဆင်ပြေသွားပါပြီ 🙂
Credit: www.htetznaing.com
No comments:
Post a Comment