Facebook က Messenger မှာ Emoji များစွာကို အသုံးပြုနိုင်အောင်
ဖန်တီးပေးခဲ့ပါတယ်။ Emoji များဟာ စာများ ရိုက်နှိပ်စရာမလိုဘဲ
စိတ်ခံစားမှုများကို ဖော်ပြနိုင်သလို ပျော်စရာလည်း ကောင်းပါတယ်။ Emoji
များကို Google Hangouts , Skype, Viber , Whatsapp တို့ အပါအ၀င် Messenger
Platform များစွာမှာ ထည့်သွင်းပေးထားကြပါတယ်။ အခုတော့ Facebook က သူ့ရဲ့
Messenger မှာ သူများတွေထက် ထူးခြားအောင် Emoji များကို
ဆန်းသစ်ပေးလိုက်ပါပြီ။
Facebook က Messenger မှာ Emoji များကို နှစ်သက်တဲ့ အရွယ်အစားဖြင့် ပေးပို့နိုင်အောင် ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ အရင်က လက်မထောင်တဲ့ Emoji ကို ဖိထားလျှင် ကြီးမားတဲ့ အရွယ်အစားဖြင့် ပေးပို့နိုင်ပါတယ်။
အခုတော့ Emoji တိုင်းကို အဲဒီလို ပေးပို့နိုင်ပါပြီ။ ဖိထားတဲ့ အချိန် ကြာလေလေ ၊ အရွယ်အစား ပိုမိုကြီးမားလေလေ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီ စွမ်းဆောင်ချက်ကို iOS Devices များမှာသာ ထည့်သွင်းပေးထားပြီး မကြာမီမှာ Android အတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

No comments:
Post a Comment