
မြန်မာ့အွန်လိုင်းလောကမှာ လူအသုံးများဆုံးဘာသာစကား တစ်ခုဖြစ်တဲ့
ဇော်ဂျီ ဘာသာစကားကို ပယ်ဖျက်ကာ ယူနီကုဒ် ဘာသာစကားကို
ကမ္ဘာ့စံသတ်မှတ်ဘာသာစကားအဖြစ် အသိမှတ်ပြုအောင် ကြိုးစားဆောင်ရွက်နေကြတဲ့
မြန်မာ့ ကွန်ပျူတာပညာရှင်များ ကြိုးစားမှု အရာမထင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို
Facebook ကလုပ်ဆောင်လိုက်ပါတယ်။ ယခင်က Facebook အနေနဲ့
မြန်မာနိုင်ငံအတွက် ဘာသာစကားရွေးချယ်မှုကို ယူနီကုဒ် ဘာသာစကားအား
ထည့်သွင်းပေးထားပေမဲ့ လက်ရှိအချိန်မှာတော့ Zawgyi ကိုပါ ထပ်မံ
ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။
ယူနီကုဒ် ဘာသာစကားဟာ မြန်မာနိုင်ငံအတွက် စံသတ်မှတ်ချက်များနဲ့
ကိုက်ညီတဲ့ ဘာသာစကားအဖြစ် မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့
ကမ္ဘာ့နည်းပညာ Company ကြီးတွေမှာ ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
သို့ပေမဲ့ အသုံးပြုသူတို့အနေနဲ့ ဇော်ဂျီ ဘာသာစကားကိုသာ စွဲစွဲမြဲမြဲ
အသုံးပြုနေကြပါတယ်။ ယူနီကုဒ် ဘာသာစကားကို အသုံးပြုသူများဟာလည်း နည်းပညာ
အသိုင်းအဝိုင်းက လူတွေသာ အသုံးပြုကြတာပိုများပါတယ်။
ဒီလို
အဆင်မပြေမှုဟာ Samsung မိုဘိုင်းဖုန်းများမှာ မြန်မာနိုင်ငံအတွက်
ဘာသာစကားရွေးချယ်မှု ထည့်သွင်းပေးချိန်တုန်းကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Samsung အနေနဲ့ ယူနီကုဒ်ဟာ စံသတ်မှတ်ချက် များနဲ့ ကိုက်ညီတဲ့
ဘာသာစကားဖြစ်သော်ငြားလဲ ဇော်ဂျီကိုသာ ထည့်သွင်းပေးတဲ့အ တွက်
မြန်မာကွန်ပျူတာပညာရှင်များကြားမှာ အနည်းငယ် ဒေါခွီးစရာ
ဖြစ်ပေါ်လာခဲ့ပါသေးတယ်။ နောက်မှ Samsung ရဲ့ ရွေးချယ်မှုဟာ
ဇော်ဂျီဘာသာစကားရော ယူနီကုဒ်ဘာသာစကားရော နှစ်မျိုးစလုံးကို
ဘာသာစကားရွေးချယ်မှုထဲမှာ ထည့်သွင်းပေးလိုက်ရတဲ့ အခြေအနေထိ
ရောက်ရှိလာခဲ့ပါတယ်။
အခုဆိုရင်လည်း Facebook က မြန်မာဘာသာစကားရွေးချယ်မှုမှာ
ဇော်ဂျီဘာသာစကားကိုပါထပ်မံ ထည့်သွင်းပေးလိုက်တဲ့အတွက်ကြောင့် ယူနီကုဒ်ကို
ကမ္ဘာ့အသိမှတ်ပြုဘာသာစကားဖြစ်အောင် ကြိုးစားနေကြတဲ့ မြန်မာ့ ကွန်ပျူတာ
ပညာရှင်တို့က အမြတ်ထွက်နေကြလေရဲ့။ ဒါ့အပြင် Apple ရဲ့ အသစ်ထွက်မဲ့ iOS
မှာလည်း ယူနီကုဒ်ဘာသာစကားကိုသာ ထည့်သွင်း
အသုံးပြုခွင့်ပေးတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် အသုံးပြုသူများအနေနဲ့
အခက်တွေ့စေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ Facebook ကတောင်
အခုလို ဇော်ဂျီဘာသာစကားကို သုံးပြုခွင့်ပေးလိုက်ပြီဆိုတော့
မြန်မာနိုင်ငံမှာ အခြားလူသုံးများတဲ့ ကမ္ဘာ့နည်းပညာ Company တွေကရော
ဇော်ဂျီဘာသာ စကားကို ထောက်ပံ့ပေးမှာလားဆိုတာ
စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါတော့မယ်။
Facebook ရဲ့ ဘာသာစကားရွေးချယ်မှုမှာ ဇော်ဂျီဘာသာစကားကို
အထောက်အပံ့ပေးခဲ့တဲ့အတွက် ကြိုးစားမှု အရာမထင်ဖြစ်ခဲ့လေခြင်းဆိုပြီး
Facebook က အသဲခွဲသူ၊ ဇော်ဂျီက စနှိုက်ကျော် ဆိုပြီး ယူနီကုဒ် အသုံပြုသူ
မြန်မာ့ကွန်ပျူတာ ပညာရှင်များက သမုတ်ကြကုန်လေရဲ့ ။ မြန်မာနိုင်ငံရဲ့
ဘာသာစကားလုပွဲမှာ “ငါ” ဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး
တကယ်အသုံးပြုနေကြတဲ့ အသုံးပြုသူတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်သင့်ပြီး
အတူတူပူပေါင်းသွားရင်တော့ မြန်မာ့နည်းပညာလောကဟာ အခုထက် ပိုမို
တိုးတက်လာမယ်လို့ မြန်မာဘာသာစကားအသုံးပြုသူတွေက ပြောကြားထားကြပါတယ်။
Aung Ko Htet (MMA)
#aungkohtet_mma
No comments:
Post a Comment